ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင် ဟိုတယ်မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၆


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင်သည်  ယနေ့တွင်  Hotel Max  အစည်းအဝေးခန်းမ၌  ဧည့်သည်အများဆုံး လာရောက်တည်းခိုသော ဟိုတယ်များဖြစ်သည့် Hotel Max ၊ The Amara  Hotel ၊  Hotel  101 ဟိုတယ်တို့မှ အထွေထွေမန်နေဂျာများ၊  မန်နေဂျာများနှင့်  ဝန်ထမ်းများအား ကိုဗစ် - ၁၉    ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ  Social Distancing စနစ်ဖြင့်   သွားရောက်တွေ့ဆုံသည်။

 


တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ  ဆောင် ရွက်ရာတွင်      ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် Health & Safety   Protocol  နှင့်အညီ စနစ်တကျ   ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊  ဝန်ဆောင်မှုပေး ရာတွင်လည်း      အရည်အသွေး ကောင်းမွန်စွာ    ပေးရန်လိုအပ် ကြောင်း၊  ဟိုတယ်သို့   လာရာက် တည်းခိုသည့်   ဧည့်သည်များ အကြိမ်ကြိမ်   ပြန်လည်တည်းခို လာရောက်နိုင်ရေးအတွက်  မိမိ တို့၏ ဝန်ဆောင်မှုဖြင့် ဆွဲဆောင် ရန်လိုအပ်ကြောင်းနှင့်    အထူး သဖြင့်   ကျန်းမာရေးနှင့်  ဘေး အန္တရာယ်ကင်းရှင်းရေးကို  ဂရုပြု ဆောင်ရွက်သွားရန်      လိုအပ် ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်          အစိုးနှင့်ပုဂ္ဂလိက တက်ညီလက်ညီနှင့်    ဝိုင်းဝန်း ကြိုးပမ်း  ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊     ဝန်ကြီးဌာန အနေဖြင့်လည်း  လိုအပ်သည်များ ကို  ပံ့ပိုးကူညီ    ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊    ဟိုတယ် လုပ်ငန်းများသာမက  အခြားသော လုပ်ငန်းအခက်အခဲများ   ရှိပါက လည်း  အချိန်မရွေး   တင်ပြရန် ပြောကြားသည်။

 


 ထို့နောက်     တွေ့ဆုံပွဲသို့   တက်ရောက်         လာကြသည့် ဟိုတယ်များမှ       အထွေထွေ မန်နေဂျာများ၊     မန်နေဂျာနှင့် ဝန်ထမ်းများက         လုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေ များကို     သက်ဆိုင်ရာ     ကဏ္ဍ အလိုက်       ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို  ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။                   

 သတင်းစဉ်