ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပိဋကတ် ဘာသာပြန် စာတည်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး သာသနိက အဆောက်အဦများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   မေ    ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးတင်ဦးလွင်သည်  နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) မှ ရဟန်းတော်များ၊ ပိဋကတ် ဘာသာပြန်စာတည်းကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ ပိဋကတ်တိုက် အဆောက်အဦ ဗုဒ္ဓသုတေ သန စာကြည့်တိုက်၌ တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံ  အင်္ဂလိပ်ဘာသာပြန် စိစစ်တည်းဖြတ်ရေး လုပ်ငန်း သည် ခက်ခဲနက်နဲပြီး အချိန်အတိုင်းအတာတစ်ခုဖြင့် ဆောင်ရွက်ရသည်ဖြစ်၍ ထွက်ရှိလာသော ဘာသာ ပြန်    ကျမ်းစာအုပ်များသည်    လွန်စွာအဖိုးတန်ပါ  ကြောင်း၊ ပိဋကသုံးပုံတွင် ပါဠိတော်အုပ်ရေ ၄၀ ရှိပြီး ကျမ်းအားဖြင့်   ၅၃   ကျမ်းရှိသည့်အနက်    ကျမ်း ၂၇ ကျမ်းမှ အင်္ဂလိပ်ဘာသာပြန် ၂၅ အုပ်ထုတ်ဝေ ထားပါကြောင်း၊ အဆိုပါစာအုပ် ၂၅ အုပ်သည် အရွယ် အစား အမျိုးမျိုးဖြစ်နေပြီး စာအုပ် ၁၆ အုပ်သည်လည်း  Soft Copy မရှိသည့်အတွက် နောင်စာအုပ်ထုတ်ဝေ ရာတွင် စာအုပ်ဆိုဒ်များ ဆဋ္ဌမူဆိုဒ်နှင့် တစ်ပြေးညီ ဖြစ်စေရေး Optical Character Recognition Soft-ware ဖြင့် Soft Copy ရရှိရေးအတွက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ သာသနာပြုတာဝန်ထမ်းဆောင်နေသော ရဟန်း တော်တို့၏ ဝိုင်းဝန်းဆောင်ရွက်ပေးမှုဖြင့် လုပ်ငန်း များ  ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုတည်းဖြတ် ပြီးသည့် ကျမ်း ခြောက်ကျမ်းကို စာအုပ်ထုတ်ဝေ နိုင်ရေး တည်းဖြတ်ဆဲ ကျမ်း သုံးကျမ်းနှင့် တည်းဖြတ် ရန်ကျန်  ကျမ်း ကိုးကျမ်းတို့ကို ပိဋကတ်ဘာသာပြန် စာတည်းကော်မတီမှ စိစစ်တည်းဖြတ်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေပါကြောင်း၊ ဘာသာပြန်ဆိုရန် ကျန်ရှိ သေးသည့်   ကျမ်း   ရှစ်ကျမ်းကို    ဘာသာပြန်ဆို နိုင်ရေး      ဝိုင်းဝန်းကူညီ      ဆောင်ရွက်ပေးကြရန် လျှောက်ထားသည်။
ထို့နောက် သာသနာတော် ထွန်းကားပြန့်ပွား  ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိဋကသုံးပုံ  အင်္ဂလိပ်ဘာသာပြန်လုပ်ငန်းများ လက်ရှိဆောင်ရွက် နေမှု၊ တည်းဖြတ်ပြီးသည့် ကျမ်း ခြောက်ကျမ်းကို စာအုပ်ထုတ်ဝေနိုင်ရေး၊      တည်းဖြတ်ဆဲ   ကျမ်း ၁၂ ကျမ်းကို  ပြီးစီးအောင်ဆောင်ရွက်ရေး၊ Soft Copy မရှိသည့်  စာအုပ် ၁၆ အုပ်ကို Soft Copy ရရှိရေး၊ ထုတ်ဝေပြီး စာအုပ်များထဲမှ အရွယ်အစားမညီသည့် စာအုပ်များကို  ဆဋ္ဌမူစာအုပ်အရွယ်အစား  ပြောင်းလဲ ရေးနှင့် ဘာသာမပြန်ရသေးသည့် ကျမ်း ရှစ်ကျမ်းကို ဘာသာ ပြန်နိုင်ရေး    စသည့်လုပ်ငန်းစဉ်များကို     ရှင်းလင်း လျှောက်ထားသည်။
အလှူငွေများပေးအပ်
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများက  လုပ်ငန်းလိုအပ်ချက်များကို   တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရဟန်းတော်များ ကို နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ပညာရှင် ဆရာ/ ဆရာမကြီးများကို အလှူငွေများ ပေးအပ်သည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်   နိုင်ငံတော်ပရိယတ္တိသာသနာ့   တက္ကသိုလ်  (ရန်ကုန်)    မော်ကွန်းထိန်းဌာနသို့    ရောက်ရှိပြီး ပါမောက္ခချုပ် ဆရာတော်ကြီးအမှူးပြုသော ဒုတိယ ပါမောက္ခချုပ်  ဆရာတော်များနှင့်  မော်ကွန်းထိန်း ဆရာတော်တို့ကို ဖူးမြော်ကြည်ညိုကာ သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
အလေးထားဆောင်ရွက်
ထို့နောက်      နိုင်ငံတော်     ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)   ပါမောက္ခချုပ်    ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရက ပိဋက သုံးပုံဘာသာပြန် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှင့်  အဋ္ဌကထာ၊  ဋီကာ စာအုပ်များ   ပြန်လည်ဆောင်ရွက်ရာတွင်    ဆဋ္ဌမူ အတိုင်း မူရင်းမပျက် ဘာသာပြန်ဆိုနိုင်ရေး၊ စာလုံး ပေါင်းသတ်ပုံ မှန်ကန်ရေး၊ ဝေါဟာရ အသုံးအနှုန်း  ဆီလျော် မှန်ကန်မှုရှိစေရေး၊ တည်းဖြတ်သည့်အဖွဲ့များ အနေဖြင့် သေချာစိစစ်၍ အလေးထား ဆောင်ရွက်ရန် ဩဝါဒမြွက်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပါမောက္ခ ချုပ် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များကို  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   နဝကမ္မ  အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းသည်။
ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည်   နိုင်ငံတော်  ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်ဟံသာသီရိကုန်းမြေသို့ ရောက်ရှိပြီး ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များ ဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည် ကျောင်းဆောင်၊  စိန်ရတုကျောင်းဆောင်၊  မင်းလှ ကျောင်းဆောင်၊ သူရဦးထွန်းတင် ကျောင်းဆောင် နှင့် ကပ္ပိယကျောင်းဆောင်များ ပြုပြင်တည်ဆောက် ပြီးစီးမှု၊ ကားပါကင်၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေလှောင် ကန် ဆောင်ရွက်ထားမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားရှိမှု၊ ပြင်ပလျှပ်စစ်မီးနှင့် အခြားဆက်စပ် လုပ်ငန်းများ၊ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း များ ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေး    ကောင်းမွန်ရေးနှင့်    လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး  ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။     သတင်းစဉ်