ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ကြည်ညို

 

နေပြည်တော်  နိုဝင်ဘာ  ၂၉


အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို   ယနေ့   နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာ ဥသျှစ် ကုန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့   မြို့နယ်သံဃာ့ဝန်ဆောင် ရပ်ကျေးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သီရိမင်္ဂလာဥသျှစ် ကုန်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာ စရိယအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး    သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးတင်ဦးလွင် နှင့်   တာဝန်ရှိသူများ   တက်ရောက်ကြည်ညိုကြ သည်။


အခမ်းအနားတွင်    သီရိမင်္ဂလာဥသျှစ်ကုန်း ကျောင်း  ပဓာန နာယကဆရာတော်ထံမှ ဧည့်ပရိ သတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာ တော်ကြီးများ  ရွတ်ပွားချီးမြှင့်တော်မူသည့်  မေတ္တ သုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက်   သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း ပဓာန နာယက ဆရာတော်ထံမှ   ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်   ပုဗ္ဗသီရိမြို့နယ်ရှိ   ရွှေလွှမ်းတောင် ကျောင်းနှင့်ဘုရားငါးဆူကျောင်းတိုက်တို့တွင် သံဃာ တော်အရှင်သူမြတ်များ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ် ပူဇော်နေမှုကို သွားရောက်ကြည်ညိုသည်။ 


အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ၁၀ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                             


  သတင်းစဉ်