
နေပြည်တော် မေ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ ခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌ ဟောင်း Mr. KHALDON AZHARI နှင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ၏ ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများ၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်နေမှု၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတကာမီဒီယာ များနှင့် စပ်လျဉ်းသည့်ကိစ္စရပ် များကို ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သတင်းစဉ်