
နေပြည်တော် နိုဝင်ဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက်တွင် Sanit Petersburg ရှိ Leningrad Nuclear Power Plant (NPP) ၊ Power Machines နှင့် Konstantin-ovsky Palace များသို့ သွားရောက်လေ့လာကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝင်ကြီးများဖြစ်ကြသည့် ဦးသောင်းဟန်နှင့် ဒေါက်တာ မျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Leningrad Nuclear Power Plant (NPP) သို့ ရောက်ရှိကြရာ အစည်းဝေးခန်းမတွင် စက်ရုံမှူး Lavrentiyev Pavel နှင့်တာဝန်ရှိသူများက စက်ရုံ၏ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ၊ Atomic Energy ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ များ၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာများ နှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြု ဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ခြင်း စသော ကဏ္ဍများစွာတွင် အသုံးပြုလျက်ရှိသည့် အခြေအနေ များ၊ ပြည်ပရှိ Atomic Station များအား ထိန်းချုပ် ဆောင်ရွက်ပေးနေမှုများ၊ Leningrad Nuclear Power Plant ( NPP )အနေဖြင့် Sanit Petersburg မြို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ နျူကလီး ယားစွမ်းအင် အသုံးပြုဆောင်ရွက်နေမှုများအပေါ် ဒေသခံပြည်သူများ၏ ယုံကြည်စိတ်ချ လက်ခံနိုင်မှု အခြေအနေ၊ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားဖြင့် လူမှုဘဝအတွက် များစွာအထောက် အကူပြုနေမှု၊ စက်ရုံဝင်းအတွင်းရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အဆိုပါဝန်ထမ်းများနှင့် မိသားစုများအတွက် ပညာရေး၊ ကျန်းမားရေး စသည် ဖြင့် လိုအပ်သည်များ စီမံဆောင်ရွက်ပေးထားမှုများ၊ သဘာဝပတ်ဝန်းကျင်အား လုံခြုံစိတ်ချရမှုပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးများက ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေး ကြပြီး သိရှိလိုသည်များကို အသေးစိတ်မေးမြန်း ကြသည်။
လှည့်လည်ကြည့်ရှုလေ့လာ
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်ရုံအတွင်း Water Energetic Reactor (W.E.R) - 1200 ပါဝါယူနစ်၏ Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the turbine hall) ၊ ထိန်းသိမ်း မောင်းနှင်ရေးခန်းမနှင့် ဓာတ်အားပေးစက် (Gener-ator) လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်းစီအလိုက် တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit Petersburg မြို့၏ အနောက်တောင် ဘက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000 MW ထုတ်လုပ်ပေးလျက်ရှိ၍ Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။ စက်ရုံစတင်လည်ပတ်ခဲ့ သည်မှာ နှစ်ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလ အတွင်း ထိခိုက်မှုတစ်စုံတစ်ရာမျှမရှိဘဲ ကောင်းစွာ လည်ပတ်ခဲ့ကာ ယခုချိန်အထိ သဘာဝပတ်ဝန်းကျင် ရှိ ရေထု၊ လေထုအတွင်း မည်သည့် Radation မျှမရှိ ဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း ဆန်းစစ်လေ့လာမှုများအရ သိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း တိုးချဲ့ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Power Machines ကုမ္ပဏီ ၏ Leningrad Metal Machine စက်ရုံသို့သွားရောက် လေ့လာကြရာ စက်ရုံမှ ဒုတိယစက်ရုံမှူး Ivan Grosse က စက်ရုံဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များ အသေးစိတ် မေးမြန်းကာ စက်ရုံအတွင်း ဓာတ်အားပေးစက်များ ထုတ်လုပ်နေမှုများကိုလေ့လာကြရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ Power Machines ကုမ္ပဏီသည် ရေအား နှင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တွင် အသုံးပြုလျက်ရှိသော Turbine များကို အဓိက ထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂ ခုနှစ်မှ စတင်လည်ပတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကို လည်း လိုအပ်သောဓာတ်အားပေးစက်များ ထုတ်လုပ် ရောင်းချပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထ မြောက် အကြီးမားဆုံး ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များ၏ တပ်ဆင်အသုံးပြုလျက်ရှိသော စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ် ပေးထားကြောင်း သိရသည်။ နည်းပညာပိုင်း အကူ အညီနှင့် Design များ ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်အားပေးစက်များ တပ်ဆင်ခြင်းအတွက် အကြံ ဉာဏ်ပေးခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်းများကို အဓိကထားဆောင်ရွက် ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံအတွင်း အလားအလာကောင်းများရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် Konstan-tinovsky Palace သို့ သွားရောက်၍ နန်းတော်အတွင်း ရှိ ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်