ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် Obninsk Nuclear Power Plant သို့ သွားရောက်လေ့လာ

 

နေပြည်တော်    နိုဝင်ဘာ   ၁၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌        ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့  ဦးဆောင်သည့်     မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် က မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီး ယား ဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant တို့သို့ သွားရောက်လေ့လာကြသည်။

 


ဦးစွာ   ပြည်ထောင်စုဝန်ကြီးများ   ဦးဆောင် သည့်   မြန်မာကိုယ်စားလှယ်အဖွဲ့သည်  Obninsk တက္ကသိုလ်သို့   ရောက်ရှိကြရာ  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး         အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် Alexey Panov Tatiana Osipova နှင့် တာဝန်ရှိသူတို့က နိုင်ငံပေါင်း ၆၈ နိုင်ငံမှ ပညာ တော်သင် ကျောင်းသား ကျောင်းသူများကို စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှု၊ တက္ကသိုလ် တွင် ဖွဲ့စည်းထားရှိသော ဌာနတစ်ခုချင်းစီ၏ လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ        အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှုတ်ခွန်း ဆက်စကားများ ပြောကြားပြီး တက္ကသိုလ်နှင့်ပတ် သက်၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

 


ယင်းနောက်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk     တက္ကသိုလ်အတွင်း      Engineering၊ Obninsk Institute For Nuclear Power ၊ Rosatom  Resource Center တို့ကိုလည်းကောင်း၊ Innovation and Technology Center ရှိ Design Laboratories and student office တို့ကိုလည်းကောင်း၊ Nuclear Power Plant Sinmulator များ၊ Pharmaceutical Center for Practical Competencies and Training and  Simulation  Center  တို့ကိုလည်းကောင်း  လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုများအပေါ်    သိရှိလိုသည် များကို ပြန်လည်မေးမြန်း ဆွေးနွေးကြကာ အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြ၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 


ဆက်လက်၍ Rosaton Technical Academy သို့ သွားရောက်လေ့လာကြရာ တက္ကသိုလ်ရှင်းလင်း ဆောင်၌ ပါမောက္ခချုပ် Yuri Seleznev က တက္ကသိုလ် ဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာများ အလိုက် လေ့ကျင့်သင်ကြားပေးမှုများ၊ သင်တန်းသား များကို စာတွေ့လက်တွေ့ သင်ကြားပေးနေမှုများ၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်း  တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်သည်။

 


ထို့နောက် အဆိုပါတက္ကသိုလ်အတွင်း စာပေဌာန  တစ်ခုချင်းစီအလိုက်  စာတွေ့လက်တွေ့    လေ့ကျင့် သရုပ်ပြသမှုများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ဆေးပညာ ရပ်ဆိုင်ရာ      လေ့ကျင့်      သင်ကြားပေးနေမှုများ၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး  စက်ရုံတည်ဆောက်ပုံ အဆင့်ဆင့်ကို 3D နည်းပညာ ဖြင့် ရှင်းလင်းပြသမှုများကို လိုက်လံကြည့်ရှုလေ့လာ ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြသကြသည်။

 


ဆက်လက်၍          ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့်   မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာလုကာခရိုင်ရှိ  ကမ္ဘာ့ပထမဆုံး  နျူကလီးယား ဓာတ်အားပေးစက်ရုံ  Obninsk  Nuclear  Power Plant  အား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

 


အဆိုပါ Obninsk Nuclear Power Plant သည်  ၁၉၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၁၉၅၄ ခုနှစ်တွင်   စက်ရုံစတင်လည်ပတ်ခဲ့သည်။  6  MW တပ်ဆင်အင်အားရှိသည့်စက်ရုံမှ ၁၉၅၄ ခုနှစ်တွင် မဟာဓာတ်အားလိုင်းနှင့်    ချိတ်ဆက်ပြီး      စတင် ဓာတ်အားဖြန့်ဖြူးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဓာတ်အား ပေးစက်ရုံ ဓာတ်အားထုတ်လုပ်ခြင်းအား ရပ်ဆိုင်း ထားပြီး ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။   နှစ်ပေါင်း  ၄၈  နှစ်ကြာသည့် တိုင်အောင် လည်ပတ်မောင်းနှင်ခဲ့ရာတွင်  မည်သည့် ထိခိုက်မှု တစ်စုံတစ်ရာမျှမရှိဘဲ နိုင်ငံတကာမှ အလေး ထား လာရောက်လေ့လာနေရသည့် စက်ရုံတစ်ခု လည်းဖြစ်သည်။ ယခုအခါတွင် စက်ရုံအား ပြတိုက် အဖြစ် ဆောင်ရွက်ထားရှိပြီး Hight Power Channel Type Reactor သုံး ဓာတ်အားပေးစက်ရုံ အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။           
           

သတင်းစဉ်