ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ    ၂၁ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည်   ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာတို့ကို    ကြည့်ရှုစစ်ဆေး သည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်       ဓာတ်အားပေးစက်ရုံ၏ ရေထိန်းတမံနှင့် ရေယူအဆောက်အအုံသို့ ရောက်ရှိ ပြီး   ရေဝင်ရောက်မှု၊   ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။(ယာပုံ)အဆိုပါ ရေထိန်းတမံ သည် အမြင့် ၁၆၇ ပေရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) CVC ကွန်ကရစ်တမံအမျိုးအစား ဖြစ်ကာ အကျယ် ၃၄၉ ပေရှိ ရေပိုလွှဲနှင့် သဲနုန်းထုတ် ပေါက်တံခါးတို့ကို  ထည့်သွင်းတည်ဆောက်ထား သည်။ အဆိုပါ ရေထိန်းတမံမှ ရေကို ရေယူအဆောက် အအုံမှတစ်ဆင့်   ရေသွယ်ဥမင်လိုဏ် အလျား အရှည် ပေ ၇၃၃၀   ဖြင့်   သယ်ယူပြီး  ယခုကာလတွင် တစ်နေ့လျှင်နှစ်ကြိမ် ရေထိန်းကန်သို့ ပို့လွှတ်လျက် ရှိသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေထိန်းကန်သို့ရောက်ရှိပြီး   ရေထိန်းကန်အတွင်း ရေသိုလှောင်ထားမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံ သို့ ဖိအားမြင့်သံမဏိပိုက်လိုင်းဖြင့် ရေပို့လွှတ်မှုနှင့် ရေအားအဆောက်အအုံများ၏           ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက   ရှင်းလင်း တင်ပြသည်။ အဆိုပါရေထိန်းကန်သည် ရေဂါလန် ပေါင်း ၂၆ သိန်းခန့် သိုလှောင်နိုင်ပြီး အချင်း ၁၃ ပေ၊ အလျား ၈၇၆ ပေရှိ ဖိအားမြင့်သံမဏိပိုက်လိုင်းဖြင့် ဓာတ်အားပေးစက်ရုံသို့ ပို့လွှတ်ပေးလျက်ရှိသည်။ 

 


ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကို စက်ရုံအစည်းအဝေးခန်းမ၌      ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်ဇော်မင်းက စစ်တောင်းမြစ်ဝှမ်း အတွင်း   ရေအားလျှပ်စစ်စီမံကိန်းများ  အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဦးမင်းခိုင်က နန်ချိုရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ခဲ့မှုကိုလည်းကောင်း၊   နန်ချိုဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက် များ       မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှုကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြရာ   ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ မှာကြားခဲ့ပြီး    ဓာတ်အားပေးစက်ရုံရှိ   ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေး နေမှုကို      ကြည့်ရှုစစ်ဆေးသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးက   ဝန်ထမ်းများကို  ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏တင်ပြချက် များ၊   ဝန်ထမ်းရေးရာကိစ္စရပ်များကို  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်      ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများ သက်သာချောင်ချိ ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ 

 


နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ရေအားအမြင့် ၃၂၈ ပေရှိပြီး ဒေါင်လိုက် ဖရန်စစ်တာ ဘိုင် ၂၀ မဂ္ဂါဝပ် စက်နှစ်လုံးဖြင့် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိကာ နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂   သန်း  ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက် ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံ ဖြစ်ပြီး   နိုင်ငံတော်ဓာတ်အားစနစ်သို့  ချိတ်ဆက် ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသည်။ 

 


ထို့ပြင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော် တည်ဆောက်ပေးလျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး  ဟုမ္မလင်းမြို့အနီး   တည်ဆောက်ဆဲ ဖြစ်သည့် နမ့်ပငရေအားလျှပ်စစ်စီမံကိန်း ၆ မဂ္ဂါဝပ် နှင့် နာဂဒေသတွင် အကောင်အထည်ဖော် ဆောင် ရွက်မည့်    ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) အသုံးပြု ဓာတ်အားပေးစက်ရုံများအဖြစ် အကောင် အထည်ဖော်   တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံ အနီးရှိ     အပူစွမ်းအင်သုံး   ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာကို ရောက်ရှိရာ တာဝန်ရှိသူ များက မြေနေရာရွေးချယ်ထားမှု၊ ရေရရှိနိုင်မှု၊ အောက်ခံကျောက်သား ဘူမိဗေဒအခြေအနေတို့နှင့် ပတ်သက်၍   ရှင်းလင်းတင်ပြကြရာ  ပြည်ထောင်စု ဝန်ကြီးက          စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်မှုဆိုင်ရာ       အဓိကလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို မှာကြားခဲ့ပြီး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် ရန်    မြေနေရာများ   လျာထားရွေးချယ်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်