
နေပြည်တော် အောက်တိုဘာ ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကလော ပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန် ရှိသူတို့က ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ နှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူ လူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ် ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်း များ ကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်းပြုပြင် ခြင်းလုပ်ငန်းများအား စနစ်တကျ စစ်ဆေးဆောင် ရွက်သွားရန်နှင့် ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းကျဆင်းစေရေး၊ ဓာတ်အား ခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေသတိအမြဲရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်