ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းစီးဆင်းမှု၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှုအခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     ဇွန်    ၂၉


လျှပ်စစ်စွမ်းအား     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးတင်မောင်ဝင်း၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် အတူ    ယနေ့    နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့၏   မြောက်ဘက်  ငါးမိုင်ခန့် အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်း အမြစ်၊         မြစ်ရေလမ်းကြောင်း စီးဆင်းမှု  အခြေအနေ၊   ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အနည် ပို့ချနှုန်းနှင့်       သောင်ထွန်းနေမှု အခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင်       ဘူမိဗေဒ အခြေအနေ၊      ရေတားတမံများ အခြေအနေနှင့်    ကမ်းပြိုမှုအခြေ  အနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ   ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်     ဟင်္သာတမြို့၏ မြောက်ဘက်  ငါးမိုင်ခန့်အကွာ ဖောင်ဆိပ်ကျေးရွာနှင့် ကျောက်ရဲ ကျေးရွာအကြားရှိ  ဧရာဝတီမြစ် ၏    ရေအရင်းအမြစ်   နေရာသို့ ရောက်ရှိရာ        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန     ရေ အရင်းမြစ်နှင့်       မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး       ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြစ်ပြင် အကျယ်၊ ရေစီးနှုန်း၊ ရေစီးထုထည်၊ မြစ်ရေအနက်၊   တာတမံများဖို့၍  ထိန်းသိမ်းထားမှု၊   မြစ်ကမ်းများ အခြေအနေနှင့်     ပင်လယ်ရေငန် ရောက်ရှိမှု           အခြေအနေများကို လည်းကောင်း၊   ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး  ဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဧရာဝတီမြစ်ဝှမ်း ဆိုင်ရာ       အချက်အလက်များ၊ ဟင်္သာတမြို့အနီးရှိ  ဧရာဝတီမြစ် ၏ ရေလမ်းကြောင်း၊ ရေမျက်နှာ ပြင်   အနိမ့်အမြင့်    ကွာခြားချက်၊ ရေအတိမ်အနက်နှင့်          ယခင် လေ့လာဆန်းစစ်ခဲ့သော ဧရာဝတီ မြစ်နေရာများနှင့်      နှိုင်းယှဉ် လေ့လာတွေ့ရှိမှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။ 
တင်ပြချက်များနှင့် စပ်လျဉ်း ၍      ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာ ငါးနေရာတွင် အခြေအနေ များကို      ကြည့်ရှုခဲ့ပြီးဖြစ်သည့် အတွက်     အကြိုစူးစမ်းလေ့လာ မှုများ ဆောင်ရွက်ရန် သင့်လျော် သည့်နေရာများတွင် ဧရာဝတီမြစ် ကြောင်း         ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ       ဆောင်ရွက်ရန် လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်  သက်ရောက်နိုင် မှုများအပေါ်    အခြေခံ၍    အသေး စိတ်     စူးစမ်းလေ့လာမှုများကို ဆောင်ရွက်သွားရမည်          ဖြစ် ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှု၊ မြစ်ကမ်းပါး          ရေတိုက်စားမှု၊ ရေတားတမံများအပေါ်   အကြိုး သက်ရောက်မှုများအပြင်      မြစ် အတွင်း          သွားလာလျက်ရှိသည့် ရေယာဉ်များ၏     အရွယ်အစား၊ အမျိုးအစား၊       ရေယာဉ်အရေ အတွက် စသည့်အချက်အလက် များကိုပါ           စဉ်ဆက်မပြတ် လေ့လာသွားရမည်ဖြစ်ကြောင်း မှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စက်လှေဖြင့် ဧရာဝတီမြစ်အတွင်း လှည့်လည် ပြီး ဧရာဝတီမြစ်အတွင်း မြစ်ရေ စီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း  အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေမှု၊     ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ ယာရှိ  ဘူမိဗေဒ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။  

 

သတင်းစဉ်