ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  သြဂုတ်   ၁၃


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၉ နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လေ့ကျင့်ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပီတန်းအားကစားလေ့ကျင့်ရေးရုံ၌      ပီတန်း အားကစားသမားများ     လေ့ကျင့်နေမှုကိုလည်း ကောင်း၊   ဝဏ္ဏသိဒ္ဓိ  ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ   ဆန်းဆို(အတိုက်)  အားကစား သမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ လက်ဝှေ့ အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှု ကိုလည်းကောင်း၊ ဘိလိယက်နှင့် စနူကာအားကစား ရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်း ကောင်း(ယာပုံ)၊     တိုက်ကွမ်ဒို    အားကစားရုံ၌ အားကစားသမားများလေ့ကျင့်နေမှုကို လည်းကောင်း၊  ပိုက်ကျော်ခြင်း အားကစားရုံ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ အားကစားသမားများ    လေ့ကျင့်နေမှုကိုလည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိ (A) ရုံ၌ ဂျူဒိုအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊  ဝဏ္ဏသိဒ္ဓိ မြားပစ် အားကစားကွင်း၌ အားကစားသမားများ လေ့ကျင့် နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားသမားများကို စိတ်ဓာတ်မြှင့်တင်အားပေး စကား ပြောကြားသည်။
လက်ရှိ   မြန်မာ့အားကစားအဖွဲ့များအနေဖြင့် နေပြည်တော်   အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်   အားကစားလေ့ကျင့်ရေးစခန်းများတွင် လေ့ကျင့်မှုများအပြင် ပြည်ပနိုင်ငံများသို့  အလေးမ၊ ပြေးခုန်ပစ်၊   လက်ဝှေ့၊  လှေလှော်၊ ကနူး/ကယက် အားကစားနည်း(၅)မျိုးမှ အားကစားသမား ၇၉ ဦး ဖြင့် သွားရောက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်