
နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် U-25 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ စစ်ကိုင်း တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရလဒ် သုံးဂိုး- တစ်ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသ ကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ် တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိသည့်ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၇) မခင်ထက်ထက်စံနှင့် တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁) နော်ထရယ် ဘယ်တို့ နှစ်ဦးကို ဆုငွေကျပ် ၅၀၀၀၀ စီအား တာဝန် ရှိသူများက ပေးအပ်ချီးမြှင့်သည်။
ဇန်နဝါရီ ၁၃ ရက်တွင် ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်