ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊   ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊  
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) ဦးဆောင်သည့် 
ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၊ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ 
ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော်   အောက်တိုဘာ   ၃၁


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့်  ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်နှင့်အတူ   ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ကြ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အဆင်ပြေအေးချမ်းစွာဖြင့် အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ  ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက် နိုင်ရေး၊ တရုတ်- မြန်မာနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရေးနှင့် နှစ်နိုင်ငံ  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ  ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးများ နှစ်စဉ်အပြန်အလှန်ကျင်းပ၍ လုပ်ငန်းများ နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ယင်းအစည်းအဝေးများ၏ ဆုံးဖြတ် ချက်များအပေါ် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် နည်းပညာ နှင့် လိုအပ်ချက်များ မျှဝေပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာ-တရုတ်-ထိုင်း-လာအို လေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေး၊  တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊   မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online ဂိမ်းလောင်းကစားမှုများ မရှိစေ ရေးတို့အတွက် ထိရောက်စွာအတူလက်တွဲဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်တွင် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နိုင်ရေး ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်း နှီးမှု အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲရေးအတွက် နှစ်နိုင်ငံအရေးကိစ္စများ အား လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရပစ္စည်း များ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သိရသည်။ 


သတင်းစဉ်