
နေပြည်တော် ဒီဇင်ဘာ ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်း၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၇) အခြေခံ ပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်း သစ္စာခန်းမ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ် မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ် ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Bio- graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် လုပ်ငန်းဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် ချက်များမှာကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ဒေသခံပြည်သူများ အား လုပ်ငန်းဆောင်ရွက်မှုအပေါ် တွေ့ကြုံရသည့် အခက်အခဲများ၊ Unique ID နံပါတ်ရရှိပြီးသူများ အား နောင်တွင် Smart Card ထုတ်ပေးသွားမည့် အစီစဉ်များကို မေးမြန်းဆွေးနွေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် မော်လမြိုင်မြို့ မွန်ပြည်နယ်ဦးစီးမှူးရုံး ရုံးဝင်း အတွင်းရှိ မော်လမြိုင်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး အဆောက် အဦများနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ ပြည်သူများနားနေရန် စီစဉ်ဆောင်ရွက်ထားသည့်နေရာ၊ မြို့နယ်ရုံး၏ မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က မှတ်တမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် ရေရှည်ထိန်းသိမ်း နိုင်ရေးတို့အတွက် စီမံဆောင်ရွက် ထားရှိရန် မှာကြားကာ တင်ပြ ချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မွန်ပြည်နယ်ဦးစီးမှူး ရုံး ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်း များနှင့်အတူ နေ့လယ်စာကို ရင်းနှီးချစ်ကြည်စွာ လက်ရည် တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ် သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်