
နေပြည်တော် ဧပြီ ၂၅
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၇)တွင် တည်ဆောက် နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ အား မူလနှစ်လမ်း သွားတံတားမှ လေးလမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေသည့် လုပ်ငန်း ခွင်သို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်ဆွေက တံတားတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိ မှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ချောင်းရေတိုက်စားမှု မဖြစ်စေရေးနှင့် ရေလမ်းကြောင်း မှန်ကန်စေရေး တွက်ချက် ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ မိုးတွင်းကာလရောက်တော့မည် ဖြစ်၍ တံတားတိုင်လုပ်ငန်းများနှင့် မြေကာနံရံလုပ်ငန်းများ သတ်မှတ် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံး စက်ယန္တရားများ စနစ်တကျသုံးစွဲ စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည် တော်ကောင်စီနယ်မြေ အတွင်း အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေသည့် Naypyitaw State Academy ရှိ လေးထပ်စာသင်ဆောင်နှင့် ခြောက်ထပ် စာသင်ဆောင်များ ဆောင်ရွက်ပြီးစီးမှုကို လုပ်ငန်း ခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်း သဘင်ခန်းမ (Convocation Hall) တည်ဆောက်မည့်နေရာနှင့် Naypyitaw State Academy ပင်မဆောင်အရှေ့ မြေကွက်လပ် တွင် အပန်းဖြေဥယျာဉ်ငယ် (Recreation Park) ပြုလုပ်မည့် နေရာတို့တွင် မြေနေရာရှင်းလင်း ခြင်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မည့် လျာထားစီမံချက်များနှင့် ဒီဇိုင်း ပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Recrea-tion Park အား ဒီဇိုင်းရေးဆွဲရာ ၌ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပရန်နှင့် အမြင် တင့်တယ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ် တက်ရောက်သည့် ကျောင်းသား ကျောင်းသူများ အဆင့်တန်းရှိရှိ နားနေအပန်းဖြေနိုင်မည့် ဒီဇိုင်း ပုံစံဖြစ်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်နှင့် လိုက်လျောညီထွေ ဖြစ်မည့် စိန်ပန်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်တို့ဖြင့် လှပဝေဆာစေရေး စနစ်တကျ ပုံစံရေးဆွဲရန်တို့ကို တာဝန်ရှိသူအား မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်