
နေပြည်တော် ဇန်နဝါရီ ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံ သံအမတ်ကြီး HE. Mrs. Aya Saad Mohamed Abdelkarim ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အီဂျစ်နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့်ပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်း၊ တံတား ၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်