ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာစိုးဝင်းတို့ နေပြည်တော်(တပ်ကုန်းမြို့)ရှိ  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုအားပေး

 

နေပြည်တော်  ဇူလိုင်   ၃၀


ပြန်ကြားရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်း၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး   ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည်   ယနေ့ မွန်းလွဲပိုင်းက    နေပြည်တော် တပ်ကုန်းမြို့ရှိ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်  လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင် စာရင်း      ကောက်ယူရေးဆိုင်ရာ ရေဒီယို    ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ်(၅)ယှဉ်ပြိုင်မှုနှင့်    ချစ်စရာ့ အရွယ်     ကစားကြမယ်   ကလေး အစီအစဉ်ယှဉ်ပြိုင်မှု   ရိုက်ကူးရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးကြသည်။


လိုက်လံကြည့်ရှုလေ့လာ


ဦးစွာ  ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Convergence News Room, MRTV HD၊ MRTV News သတင်းထုတ်လွှင့်ခန်းများ နှင့်  သတင်း  Studio  များတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု လေ့လာကြပြီး ဝန်ထမ်းများအား   ရင်းရင်းနှီးနှီး တွေဆုံနှုတ်ဆက်    အားပေးကြ သည်။


ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ၂၀၁၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် သပိတ်ကျင်း     မြေငလျင်ဒဏ် ကြောင့်   မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏  ပင်မအဆောက်အဦ တွင် ကြမ်းခင်း၊ နံရံနှင့် ကွန်ကရစ် လမ်းများ၌   အက်ကြောင်းများ ဖြစ်ပေါ်      ပျက်စီးခဲ့မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေမှု အခြေ အနေအား    ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်


ထို့နောက် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည်    ရေဒီယိုနှင့် ရုပ်မြင်သံကြား  အသံသွင်း/အသံ ထပ်စတူဒီယို (Dubbing Studio)  ခန်းတွင်   ကျင်းပသည့်  ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ  အသိပညာမျှဝေပေးရေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ်  (၅)   ကို     နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာ အထက်တန်း     ကျောင်းများမှ ကျောင်းသား ကျောင်းသူ ငါးဦး ဝင်ရောက်ဖြေဆို     ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။


ဆက်လက်ယှဉ်ပြိုင်ကြရမည်


၂၀၂၄   ခုနှစ်   လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင် စာရင်းကောက်ယူမှုလုပ်ငန်းကို အများပြည်သူစိတ်ဝင်စားမှု ပိုမို ရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်စေရေး  အသိပညာမျှဝေ လှုံ့ဆော်ခြင်းဖြင့်    လူထုလှုပ်ရှား မှု    ရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့်   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီး ဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှင့် ပညာရေးဝန်ကြီးဌာန၊   အခြေခံ ပညာဦးစီးဌာနတို့နှင့်   ပူးပေါင်း ၍ Radio ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အား ပွဲစဉ် (၅)ခုဖြင့် ကျင်းပလျက် ရှိရာ    ပွဲစဉ်တစ်ခုစီမှ    ပထမနှင့် ဒုတိယဆုရရှိသူ     နှစ်ဦးစီဖြင့် ရွေးချယ်ထားသည့် စုစုပေါင်း ၁၀ ဦးသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင်    ကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင်    ဆက်လက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


ရှင်းလင်းတင်ပြ


ယင်းနောက်   ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်  Audi-torium  ခန်းမသို့ ရောက်ရှိကြရာ မြန်မာအသံနှင့်   ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်က (၂၅) ကြိမ်မြောက်   ငွေရတုအထိမ်း အမှတ်   မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည့် ဇာတ်တော် ကြီးပြိုင်ပွဲအား    လက်ခံကျင်းပ နိုင်ရန်အတွက် MRTV Auditori-um  ခန်းမအရွယ်အစား၊  Stage အမြင့်နှင့် ပရိသတ်ဝင်ဆံ့မှုတို့ကို ရှင်းလင်းတင်ပြသည်။


အဆိုပါ MRTV Auditorium သည် အလျား ၄၈'၊ အနံ ၄၅'၊ အမြင့် ၃' ၄" ရှိသည့် ရိုက်ကူးရေး စင်မြင့် Stage ၊ အသံစနစ် ၊ Light-ing Bar ၊ Setting Bar ၊ Main Curtain ၊ Side Tab ၊ Intermedia-te Curtain နှင့် Elevator Stage  များ ထည့်သွင်းတပ်ဆင်ထားရှိပြီး ပရိသတ် ၄၇၅ ဦး ဝင်ဆံ့သည့် ရိုက်ကူးရေးခန်းမဖြစ်သည်။


ဆက်လက်၍   Auditorium  ခန်းမတွင်  ပြည်ထောင်စုဝန်ကြီး များနှင့် အဖွဲ့အား  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ      ဝန်ထမ်းများက  “အားလုံးချစ်သည် MRTV ”သီချင်း နှင့် တေးသရုပ်ဖော်တို့ဖြင့် ဦးစွာ ဖျော်ဖြေတင်ဆက်ကြသည်။


လက်ဆောင်ပစ္စည်းများပေးအပ်


ထို့နောက်   “ချစ်စရာ့အရွယ် ကစားကြ မယ်”  ကလေးအစီအစဉ် ရိုက်ကူးရေးဆောင်ရွက်မှုကို လူမှု ဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထား သည့်  ဥတ္တရသီရိ  မူလတန်းကြို ကျောင်းနှင့် အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း၊  ဒက္ခိဏ သီရိ     မူလတန်းကြိုကျောင်းနှင့် ပျဉ်းမနားမူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးကြပြီး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ကလေးငယ်များအား ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ကြသည်။


ထုတ်လွှင့်ပြသလျက်ရှိ


အဆိုပါ    ချစ်စရာ့အရွယ် ကစားကြမယ် ကလေးအစီအစဉ် ကို ၁၉၉၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့် ပေးခဲ့ရာ ကိုဗစ်-၁၉   ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍  ရပ်နားထားခဲ့ ရာမှ    ယခုအခါ  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊    လူမှု ဝန်ထမ်းဦးစီးဌာနတို့   ညှိနှိုင်း ပေါင်းစပ်၍ မူလတန်းကြိုကျောင်း များမှ ကလေးငယ်များဖြင့် MRTV Auditorium ခန်းမတွင် အပတ်စဉ် ရိုက်ကူးလျက်ရှိပြီး    ဇူလိုင်၂၀ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့ တိုင်း ထုတ်လွှင့်ပြသလျက်ရှိသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မူကြိုကျောင်း များမှ ဆရာ ဆရာမများ၊ တာဝန်ရှိ သူများ၊ မိဘများ၊ ကလေးများနှင့် အတူ    မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏  (၇၅)  နှစ်မြောက် စိန်ရတုပြတိုက်တွင်    ခင်းကျင်း ပြသထားရှိမှုများအား  လိုက်လံ ကြည့်ရှု    လေ့လာခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်