ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ရှိ ဂီတအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဂီတအနုပညာရှင်များအား တွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၁၃


ပြန်ကြားရေးဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  ရန်ကုန်မြို့ရှိ  ဂီတအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  ဂီတအနုပညာ ရှင်များအား ယနေ့မွန်းလွဲပိုင်းတွင်  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်    ဦးမျိုးမြင့်မောင်နှင့်   ဌာနဆိုင်ရာ အကြီးအကဲများ၊  မြန်မာနိုင်ငံ  ဂီတအစည်းအရုံး (ဗဟို) တွဲဖက်အတွင်းရေးမှူး  (၁) ဦးသက်ဆွေ၊ အတွင်းရေးမှူး  (၃) ဦးမင်းဇော်၊  ဘဏ္ဍာရေးမှူး ဒေါ်သီသီမာ၊  မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်မိုးအောင်၊ မြန်မာ့ဂီတ အကျိုး စီးပွား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ  စန္ဒရား ဦးသိန်းမြင့်သန်း၊ အတွင်းရေးမှူး ဦးအောင်မင်းနိုင်၊ ဘဏ္ဍာရေးမှူး (အသံပညာရှင်) အကယ်ဒမီ ဦးကြည် မင်းသိန်း၊  တေးရေး ဦးမောင်မောင်လတ်၊  ဦးမင်းယု၊ တေးဆို ဒေါ်ထား၊    ဦးသန်းမြတ်စိုး၊      တက္ကသိုလ်လဲ့လဲ့၊ ဟန်နွေငြိမ်း   (ခ) ဂျင်းနီ၊  မြန်မာ့အသံနှင့်    ရုပ်မြင် သံကြား အကြံပေး ဦးမြင့်အောင်နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


လေးစားတန်ဖိုးထား


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်း ဆက်စကားပြောကြားရာ၌  နိုင်ငံတော် ဝန်ကြီးချုပ် အနေဖြင့်   အနုပညာလောက၊   သတင်းမီဒီယာ လောက၏ အခန်းကဏ္ဍကို  အလေးထားပါကြောင်း၊ အနုပညာသည် ပြည်သူ့အတွက်ဟု  ခံယူထားသည် နှင့်အညီ  အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များကို လေးစားတန်ဖိုးထားပါကြောင်း၊ လေးစား တန်ဖိုးထားသည့်အတိုင်း     နိုင်ငံတော်အနေဖြင့် အနုပညာလောက    ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာစင်တာ (ရန်ကုန်၊ မန္တလေး) ဖြစ်ထွန်းပေါ် ပေါက်ရေး   အပါအဝင်   တတ်နိုင်သည်များကို အလေးထားကူညီ    ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အနုပညာရှင်များသည် တိုင်းပြည်တည်ဆောက်ရေး တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ  ပါဝင်နေသည် ကိုလည်း နိုင်ငံတော်အစိုးရက အစဉ်တစိုက် အသိ အမှတ်ပြုခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း။

 


မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည်  နိုင်ငံတော် အစိုးရနှင့် အနုပညာရှင်များအကြား  နိုင်ငံတော်နှင့် လူမျိုးအတွက်   အကျိုးရှိသော   လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်  လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ပါကြောင်း။ 

 


စံပြုရသည့်ပုဂ္ဂိုလ်များဖြစ်လာမည်


ကိုဗစ် - ၁၉ ဘေးဆိုးကပ်ဆိုးကို ရင်ဆိုင်နေကြရ သည့်      မြန်မာပြည်သူများ၏      ညှိုးနွမ်းနေသော စိတ်နှလုံးကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ စိတ်ချမ်းသာ  ပျော်ရွှင်အောင်  ဆောင်ရွက်ရာတွင် အနုပညာကို မည်သည့်နိုင်ငံရေးအရောင်မျှ မဆိုးဘဲ အနုပညာသက်သက်ဖြင့်‌     ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏   အသည်းနှလုံး၊    ပါရမီရှင်များ၏ အနုပညာဖန်တီးမှုစွမ်းအားသည်  ပြည်သူများ၏ စိတ်နှလုံးရွှင်ပြုံး  အပန်းပြေစေရုံ    သာမက   နိုင်ငံ ပြန်လည်တည်ဆောက်ရေး    လုပ်ငန်းများတွင်ပါ ပြည်သူ များအား   အသိအမြင်မှန်၊  အတွေးအမြင်မှန် များ ရရှိစေရန် စံပြုရသည့်ပုဂ္ဂိုလ်များ  ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာသော အနုပညာရှင် များက  ဂီတလောက၌ ကြုံတွေ့နေရသည့်  အခက် အခဲများနှင့် ပတ်သက်၍  ဝိုင်းဝန်းဆွေးနွေးမှုအပေါ် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲ များက ဖြည့်စွက်ဆွေးနွေးကြသည်။ 

 


ညှိနှိုင်းပူးပေါင်းဖြေရှင်းပေး


ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြည်‌ထောင်စု ဝန်ကြီးက   မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအပြင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ 

 


ယနေ့တွေ့ဆုံပွဲတွင်    ဆွေးနွေးခဲ့သည့်    ဂီတ လောကသားများ၏  ဆန္ဒနှင့်   သဘောထားများ၊ ဂီတလောက ပြန်လည်ရှင်သန်နိုင်ရေး လုပ်ဆောင်လို သည့် အစီအမံများ၊ ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ရေး နှင့် ကုသရေးဆိုင်ရာကိစ္စရပ်များတွင် တွေ့ကြုံနေရ သော အခက်အခဲများ၊ ဘဏ်များတွင် ငွေကြေးထုတ် ယူမှုအဆင်ပြေ  ချောမွေ့စေရေး   သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းပေးရေးကိစ္စရပ်များနှင့် ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့်  အပြည့်အဝ ကူညီပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။ 

 


ကူညီဆောင်ရွက်ပေးသွားမည်


အကြောင်းအမျိုးမျိုးကြောင့် ၅၀၅ (က) အပါ အဝင် အရေးယူခံထားရသော အနုပညာရှင်များနှင့် ပတ်သက်၍လည်း  နိုင်ငံတော်အစိုးရက ၎င်းတို့၏ စစ်မှန်သော  စေတနာကို  ပေါ်ပေါ်လွင်လွင် ထင်ထင် ရှားရှား ပြသထားပါကြောင်း၊ ထုတ်ပြန်ထားသည့် ကြေညာချက်ပါအတိုင်း    ပြန်လည်ဆက်သွယ်လာ သော အနုပညာရှင်များကိုလည်း  တည်ဆဲဥပဒေ များနှင့်အညီ  အပြည့်အဝ  ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

 


အနုပညာရှင်များအနေဖြင့်လည်း ပညာရှင်များ ဖြစ်သည်နှင့်အညီ  ကိုယ်ရေးကိုယ်တာနှင့် အလုပ်၊ ခံစားမှုနှင့်   အနုပညာကို  ခွဲခြားသိမြင်ပြီး  လက်ရှိ ဖြစ်ပေါ်နေသည့်  အခြေအနေများကို စဉ်းစားသုံးသပ် ကာ လုပ်ချင်တာထက် လုပ်သင့်သော၊  ဖြစ်ချင်တာ ထက်   ဖြစ်သင့်သည်တို့ကို     လက်တွေ့ကျကျ ဆောင်ရွက်ရင်း မိမိအကျိုး၊ မိမိလောက အကျိုး၊ မိမိ နိုင်ငံနှင့်  လူမျိုးအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း တိုက်တွန်းပြောကြားပြီး  တွေ့ဆုံပွဲကို   ရုပ်သိမ်း လိုက်သည်။ 

 


အလားတူ       ဩဂုတ်    ၁၀   ရက်ကလည်း ပြည်ထောင်စုဝန်ကြီးသည်  ရုပ်ရှင်အနုပညာရှင်များ နှင့် တွေ့ဆုံကာ ဆွေးနွေးချက်များအပေါ် ဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။          

 

သတင်းစဉ်