
ရန်ကုန် ဒီဇင်ဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန် နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားရှိ Studio-A တွင် ရန်ကုန်အခြေပြု ပြန်ကြားရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။
ရှင်းလင်းပြသ
ဦးစွာ တက်ရောက်လာကြသည့် ဝန်ထမ်းများအား တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်” ခေါင်းစဉ် ဖြင့် သတင်းတု/သတင်းမှားများ အကြောင်း အရာကိုလည်းကောင်း၊ “နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို လည်းကောင်း Video Clip များဖြင့် ရှင်းလင်းပြသသည်။
ကျရာကဏ္ဍမှပါဝင်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြော ကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယခင်အစိုးရ အဖွဲ့၏ မဲလိမ်မဲခိုးဖြစ်စဉ်များကြောင့် နိုင်ငံတော် တာဝန်အရပ်ရပ်ကို မလွှဲ မရှောင်သာဘဲ ရယူထိန်းသိမ်း ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အဂ္ဂမဟာဗျူဟာဖြစ်သော အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးကိုလည်းကောင်း၊ နိုင်ငံရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လည်းကောင်း မူဝါဒသတ်မှတ်ပြီး မဟာ ဗျူဟာဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ် နှင့် နည်းဗျူဟာဖြစ်သော နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်၍ အကောင်အထည်ဖော် စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြန်ကြား ရေး ဝန်ကြီးဌာနအနေဖြင့်လည်း မူလ သတ်မှတ်လုပ်ငန်းတာဝန်များကို နုပျို သစ်လွင်ပြီး သွက်လက်ထက်မြက်သော ပုံစံဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှု၊ နိုင်ငံတော်အဆင့် အခမ်းအနားများကို ထည်ထည်ဝါဝါနှင့် ခမ်းခမ်းနားနားဖြစ်စေ ရန် ထဲထဲဝင်ဝင်ပါဝင်ပြီး ကြိုးစားဆောင် ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော် တာဝန်အရပ်ရပ်ကို ကျရာကဏ္ဍမှ ပါဝင် ပြီး အားကြိုးမာန်တက် ကြိုးစားဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ပါဝင်ဆင်နွှဲ
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် Studio-A မျက်နှာစာရှေ့ Lobby တွင် တွေ့ဆုံပွဲနှင့် ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ သို့ တက်ရောက်လာကြသည့် ဝန်ထမ်း များနှင့်အတူ ဆက်လက်တက်ရောက်၍ တေးဂီတဖျော်ဖြေတင်ဆက်မှု၊ ခရစ္စမတ် လက်ဆောင်ပစ္စည်းများ ပေးအပ်မှုနှင့် စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေး ဧည့်ခံမှုတို့ကို ကြည့်ရှုအားပေးကာ ဝန်ထမ်း များနှင့်အတူ ပျော်ရွှင်စွာဖြင့် ပါဝင် ဆင်နွှဲခဲ့သည်။
စည်ကားသိုက်မြိုက်စွာကျင်းပ
ထိုပြင် နေပြည်တော်/တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်း ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် ညနေနှင့် ညပိုင်းတို့တွင် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းနှင့် တိုင်းရင်းသားရေဒီယိုတို့၌ တာဝန်ထမ်းဆောင်နေကြသည့် ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသား/တိုင်းရင်းသူ များက ဦးဆောင်၍ ခရစ္စမတ်ဝတ်ပြု ကိုးကွယ်ခြင်း၊ ခရစ်ယာန် ဓမ္မတေးများ စုပေါင်းသီဆိုခြင်းများ အပါအဝင် တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး လက်ဆောင် ပေးအပ်ခြင်းများနှင့် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချ ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ် ကျင်းပရာ ဘာသာပေါင်းစုံမှ ဝန်ထမ်းများ နှင့် မိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
သတင်းစဉ်