
နေပြည်တော် ဇန်နဝါရီ ၁၈
နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း တက် ရောက်ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန် ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး - မွေးမြူရေးသိပ္ပံ (ပျဉ်းမနား)တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်း သူများ တက်ရောက်ကြသည်။
ဦးစွာ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူ များအား အသိအမြင်လွဲမှားစေရန် နှင့် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ဖေ့စ်ဘွတ်စာမျက်နှာများပေါ်တွင် မီဒီယာအချို့က သတင်းတု၊ သတင်းမှားများကို ရေးသားဖော်ပြ လျက် ရှိပါကြောင်း၊ ထို့ကြောင့် သတင်းမှန်များ သိရှိစေရန် အတွက် မိမိတို့ဝန်ကြီးဌာနက ရေးသားထုတ်ပြန်သည့် သတင်း စာများ၊ website များကို ဖတ်ရှုကြ ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို အသိ တရားဖြင့် ရှုမြင်သုံးသပ်၍ ယုံကြည်ကြစေလိုကြောင်း၊ နိုင်ငံ တော်နှင့် ပြည်သူတစ်သားတည်း ရှိရန်လည်း လိုအပ်ပါကြောင်း။
၁၉၈၈ ခုနှစ်က မိမိတို့ နိုင်ငံ တွင် မင်းမဲ့စရိုက်ဆန်စွာလုပ်ဆောင် ခဲ့မှုများကြောင့် မြန်မာနိုင်ငံသား များ၏ ဂုဏ်သိက္ခာကျဆင်းရုံ သာမက ကမ္ဘာတွင် အရှက်ရစေ ခဲ့ပါကြောင်း၊ ယခုတွင်လည်း အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ပြီး ဒုစရိုက်မှုအမျိုးမျိုး ကျူးလွန်နေကြပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် အနေ ဖြင့် လူငယ်နှင့်ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်း သား ကျောင်းသူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေး ဘာသာရပ်များ ကို ကြိုးစားသင်ယူ၍ အနာဂတ် တွင် မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိ ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြစေလို ကြောင်း၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး ကို လိုလားသည့်စိတ်၊ နိုင်ငံကို ချစ်သည့်စိတ်တို့ဖြင့် အကြမ်းဖက် မှုများကို ဝိုင်းဝန်းဆန့်ကျင်တိုက် ဖျက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် အတွက် မိမိနှင့်သက်ဆိုင်သည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဆွေးနွေးပွဲသို့တက် ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ် နိုင်ငံတော်၏ သားကောင်းရတနာ များဖြစ်၍ မိမိတို့ တန်ဖိုးထားပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က အားထားရသည့် သားကောင်း ရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြစေလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာ မကြီး ဒေါက်တာ နန်းဆိုင်ဟွမ်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပွဲသို့တက် ရောက်လာကြသည့် ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များအား MRTV DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box ၆၅ လုံးတို့ကို မဲဖောက်၍ ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူး များ၊ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။
သတင်းစဉ်