ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ကမ္ဘာ့အင်တာနက်ညီလာခံ  တက်ရောက်ပြီး ပြန်လည်​ရောက်ရှိ

 

ရန်ကုန်  နိုဝင်ဘာ  ၁၁


ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ကျဲ့ကျန်းပြည်နယ်    ဝူကျန်းမြို့ ၌   နိုဝင်ဘာ  ၈ ရက်မှ ၁၀ ရက်အထိ  ကျင်းပသည့်  ၂၀၂၃  ခုနှစ်  ကမ္ဘာ့ အင်တာနက်ညီလာခံ  ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit]  သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်   လေကြောင်းခရီးဖြင့်   ရန်ကုန်မြို့သို့ ပြန်လည်​ရောက်ရှိသည်။ 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ    Minister Counsellor  ဖြစ်သူ   Mr. Zheng Zhihong       နှင့်     ပြန်ကြားရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများက   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သတင်းစဉ်