
နေပြည်တော် ဒီဇင်ဘာ ၁
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို ရည်ရွယ်လျက် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲအားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ကြည့်ရှုအားပေးသည်။
ကျင်းပ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ဦးစီးဌာနအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲ များ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များ၊ အသင်းလိုက်ထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပ ခဲ့သည်။
ပေးအပ်ချီးမြှင့်
အဆိုပါအားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့် ခြင်းအခမ်းအနားကိုကျင်းပရာ အားကစားပြိုင်ပွဲ နည်းအလိုက် နှစ်သိမ့်ဆုရအသင်းများအား ဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ တတိယဆုရ အသင်းများအား သမဝါယမဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ကလည်းကောင်း၊ ဒုတိယဆုရအသင်းများ အား ဒုတိယဝန်ကြီးကလည်းကောင်း၊ အမျိုးသား လွန်ဆွဲပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသမီးလွန်ဆွဲ ပြိုင်ပွဲပထမဆုရ သမဝါယမဦးစီးဌာနအသင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအသင်း၊ ဖူဆယ်ပြိုင်ပွဲ ပထမဆုရ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။