ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်   မတ်   ၁၂


သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးသည်      ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊   တာဝန်ရှိသူများ နှင့်အတူ    ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း     နိုင်ငံ့ စီးပွား  မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်         နွေစပါးနှင့် ဝါသီးနှံ  စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး သည်။
ပူးပေါင်းဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်       တပ်ကုန်းမြို့နယ် ရှားတောကျေးရွာသို့   ရောက်ရှိပြီး ကျေးရွာဓမ္မာရုံ၌  ရှားတောစိုက်ပျိုး ရေးနှင့်     အထွေထွေသမဝါယမ အသင်း အမှုဆောင်များ၊ အသင်း သားတောင်သူများ၊     ကျေးရွာသူ ကျေးရွာသားများနှင့်    တွေ့ဆုံ၍ ဝါစိုက်        တောင်သူများအနေဖြင့် ဝါသီးနှံများ           အထွက်တိုးရေး၊ မျိုးကောင်း       မျိုးသန့်ရရှိရေး၊ ဈေးကွက်     သေချာစွာရရှိရေး သည်   အရေးကြီးကြောင်း၊ ဝါစိုက် တောင်သူများ၏   လိုအပ်ချက်များ ကို    စိုက်ပျိုးရေး၊     မွေးမြူရေး နှင့်   ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ထွက်ရှိလာသော     ဝါများကို ချည်ဖြစ်သည်အထိ  ထုတ်လုပ်နိုင် ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ကို ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၊     ပုဂ္ဂလိက အသေးစား အလတ်စား  လုပ်ငန်း ရှင်များနှင့်   ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  လိုအပ် သည့် စက်ပစ္စည်းများ  ဝယ်ယူရရှိ ရေးနှင့်  လိုအပ်သော အရင်းအနှီး များ    ရရှိရေးအတွက်    MSME ချေးငွေမှရရှိရေး      ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏   လမ်းညွှန် ချက်နှင့်အညီ  ဝါအထွက်တိုးရေး၊ ဖူလုံရေး၊  ဈေးကွက်ရရှိရေးတို့ကို စိုက်ပျိုးရေး၊        မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊      သမ ဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊    စက်မှုဝန်ကြီးဌာန တို့   ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
နေပြည်တော်       အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင်  နွေစပါး စိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးရန် လျာထားပြီး အဆိုပါ စိုက်ဧကများ အနက်မှ   တပ်ကုန်းမြို့နယ်  အပါ အဝင်   ပျဉ်းမနား၊     လယ်ဝေး၊ ဇမ္ဗူသီရိ၊     ဒဏ္ခိဏသီရိ    စသည့် မြို့နယ်   ငါးမြို့နယ်မှ   စိုက်ဧက ပေါင်း ၃၂၀၀ ကျော်ကို   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ     တစ်ဧက လျှင်   ငွေကျပ်နှစ်သိန်းနှင့်    ညီမျှ သော သွင်းအားစုများကို  ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း၊          ကျန် စိုက်ဧကများကို      အသင်းသား တောင်သူများ၏    အစီအစဉ်ဖြင့် ထွန်ယက်     စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊  စပါးစိုက်တောင်သူများ အနေဖြင့်    ပန်းတိုင်အထွက်နှုန်း ရရှိရေး  လိုအပ်သည့်  မျိုးကောင်း မျိုးသန့်ရရှိရေး၊         စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊    စိုက်နည်းစနစ် မှန်ကန်ရေးတို့        အလေးထား ဆောင်ရွက်ရန်    လိုအပ်ကြောင်း နှင့် စိုက်ပျိုးနိုင်သည့်  မြေများပေါ် တွင် မိုးသီးနှံအပြီး  ဆောင်းသီးနှံ နှင့်  နွေသီးနှံများ   သီးထပ်သုံးသီး စိုက်ပျိုးခြင်းအားဖြင့်    ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေ မှုအဆင့်အတန်း    မြင့်မားလာစေ မည်ဖြစ်သည့်အတွက်    ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မှ      ချေးငွေများနှင့်     နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ    ထောက်ပံ့ ငွေများကို သီးနှံပေါ်ပါက သတ်မှတ် ကာလအတွင်း      အပြေအကြေ ပေးသွင်းကြရန်   လိုအပ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး      ဝါစိုက် တောင်သူများ၊         အသင်းသား တောင်သူများ၏     စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလိုအပ်မှု တင်ပြ ချက်များကို   ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  နွေစပါး စိုက်ပျိုးထားရှိမှု၊ ဝါစိုက်ပျိုးထားရှိမှု၊ ခရမ်းချဉ်၊   ကြက်သွန်စိုက်ပျိုးထား ရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်