ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

 

နေပြည်တော်     ဇွန်    ၁၇


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌  ၂၀၂၃ ခုနှစ် ဇွန် ၁၈  ရက်မှ  ၂၂ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၈)ကြိမ် မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China- ASEAN Culture Forum)သို့ တက်ရောက်ရန်  ယနေ့နံနက် ၁၁နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ            နန်နင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ  တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ကြသည်။

သတင်းစဉ်