ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    အောက်တိုဘာ    ၁၂


(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့ တက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလွင်  ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ  ၁၁  ရက်တွင် ရုရှား ဖက်ဒရေးရှင်းသမ္မတနိုင်ငံ  စွမ်းအင်ဝန်ကြီး  မစ္စတာ  နီကိုလေ  ရှိုဂီနော့  (Mr. Nikolay SHULGINOV) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ  စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။ 


တွေ့ဆုံပွဲသို့     ဒုတိယစွမ်းအင် ဝန်ကြီး မစ္စတာ ဆာဂျေး မီချော နစ်ကာ့ (Mr. Sergey MOCHAL-NIKOV)၊   နှင့်    ရုရှားနိုင်ငံပိုင်   စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သော  INTER RAO Export ၊ Zarubezhneft ၊  JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲ များ တက်ရောက်ကြသည်။


တွေ့ဆုံစဉ်       ရုရှားဖက်ဒရေး ရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး   Mr.  Nikolay  SHULGINOV     က မြန်မာနိုင်ငံအနေဖြင့်     စွမ်းအင် ကဏ္ဍတွင် INTER RGO Export  ကုမ္ပဏီနှင့် ပူး‌ပေါင်းဆောင်ရွက် လိုပါက    မိမိတို့     ရုရှားနိုင်ငံ   စွမ်းအင်ဝန်ကြီးဌာနမှ ကူညီပေး သွားမည်ဖြစ်ကြောင်း၊ ရေနံဓာတု ဗေဒလုပ်ငန်းများတွင်     မြန်မာ နိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊     ၎င်းကိစ္စနှင့် ပတ်သက်၍ ယခင်နှစ်က   ကျင်းပ ခဲ့သည့်   စွမ်းအင်ဖိုရမ်တွင်လည်း   ဆွေးနွေးခဲ့ပြီး      ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်      ရုရှားနိုင်ငံ  နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်ရေး     ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုကျင်းပလျက်ရှိသည့် ဖိုရမ်တွင်လည်း စွမ်းအင်နယ်ပယ် အသီးသီးမှ   တာဝန်ရှိသူများနှင့်    ညှိနှိုင်း         ဆွေးနွေးသွားရန်ရှိ ကြောင်း၊    ရေနံနှင့်     သဘာဝ ဓာတ်ငွေ့ဆိုင်ရာ     နည်းပညာများ နှင့်ပတ်သက်၍လည်း    ပူးပေါင်း    ဆောင်ရွက်     သွားလိုပါကြောင်း၊  ဘူမိဗေဒနှင့်   ဘူမိရူပဗေဒဆိုင်ရာ    လုပ်ငန်းများ၊ Digital Geological Map ရေးဆွဲနိုင်ရေး လုပ်ငန်းများ တွင်လည်း မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးရန်       အသင့်ရှိ ကြောင်း၊   ရေနံ၊      သဘာဝဓာတ်ငွေ့ နှင့်   ကျောက်မီးသွေး  တိုးတက် ထုတ်လုပ်နိုင်ရေးအတွက်  ပူးပေါင်း ဆောင်ရွက်နိုင်ရန်       ဆက်လက် ဆွေးနွေးသွားမည်  ဖြစ်ကြောင်း ပြောကြားသည်။


စွမ်းအင်ဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီးက     ပြန်လည် ဆွေးနွေးရာတွင်  တွေ့ဆုံဆွေးနွေး မှုများကို   အခြေခံ၍   လက်တွေ့ နယ်ပယ်တွင်       အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်း     ဆောင်ရွက်နိုင်ရန် အတွက်   အဆွေတော်အနေဖြင့်    အကူအညီ   ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊  ယနေ့  နိုင်ငံ တကာ၌  စွမ်းအင်သည်  အဓိက ကျသော       အခန်းကဏ္ဍတွင်  ရောက်ရှိနေပြီး   ပြည်သူများ၏  လူမှုစီးပွားဘဝ   ပြည့်စုံစေရေး အတွက်     စွမ်းအင်ဖူလုံမှုသည် အရေးကြီးလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း    ရေရှည်စီးပွား ဖွံ့ဖြိုး   တိုးတက်စေရန်အတွက်  စွမ်းအင်လိုအပ်ချက်  ဖူလုံရေးကို     သေချာစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊   ယင်းသို့ဆောင်ရွက် လျက်ရှိရာတွင်     လိုအပ်လျက်ရှိ သည့်    ရင်းနှီးမြှုပ်နှံမှုနှင့်    နည်း ပညာအကူအညီတို့ကို မိတ်ဆွေ နိုင်ငံများနှင့်      ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ရရှိနိုင်ရန် မျှော်လင့် ကြောင်း၊    စွမ်းအင်ဖူလုံရေးကို   ဖြည့်ဆည်း    ဆောင်ရွက်ရာတွင်    သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး   ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊   မိမိတို့နိုင်ငံတွင်လည်း  Electric Vehicle များ အသုံးပြုလာစေရန် အတွက်   အားပေးအားမြှောက် ပြုပြီး Renewable Energy များ ဖြစ်သည့်  Solar Energy ၊ Wind Power  Energy  များ  အသုံးပြု ရန်အတွက် စီမံဆောင်ရွက်လျက် ရှိသကဲ့သို့ စွမ်းအင်လိုအပ်ချက်ကို    ဖြည့်ဆည်းနိုင်ရန်   သမားရိုးကျ  နည်းလမ်းများဖြင့်         ကြိုးပမ်း ဆောင်ရွက်လျက်       ရှိကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်လူ့စွမ်းအား အရင်းအမြစ်များ   ပြုစုပျိုးထောင် ရာတွင်       အဆွေတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ခွင့်       ရရန် မျှော်လင့်ကြောင်း  ဆွေးနွေးပြော ကြားခဲ့သည်။          

 သတင်းစဉ်