ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ယူရေးရှား ဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ တက်ရာက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   အောက်တိုဘာ  ၂၄


ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေး အာလယဲနိခ်၏     ဖိတ်ကြားချက်အရ    ပြည် ထောင်စုအစိုးရအဖွဲ့ရုံး     ဝန်ကြီးဌာန  (၂)   ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလှိုင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက် တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ် နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့်  ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ        နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့တက်ရောက်ရန် ယနေ့ညနေပိုင်း တွင် မန္တလေးမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း(MAI)ဖြင့် ထွက်ခွာသွားသည်။


ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနမှ       တာဝန်ရှိသူများက  မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

သတင်းစဉ်