ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်   မေ   ၆


AHA Centre မှတစ်ဆင့်  လှူဒါန်း မည့်   လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ   အကူအညီ     စီမံ ခန့်ခွဲရေးလုပ်ငန်းအဖွဲ့     (Task Force) ဥက္ကဋ္ဌ၊   အပြည်ပြည်ဆိုင်ရာ ပူးပေါင်း   ဆောင်ရွက်ရေးဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ မြန်မာလုပ်ငန်းအဖွဲ့  အဖွဲ့ဝင်များ ဖြစ်ကြသည့်   ကျန်းမာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်    ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌     ယနေ့တွင်          ကျင်းပခဲ့သော    မြန်မာနိုင်ငံသို့         အာဆီယံ၏       လူသားချင်း စာနာထောက်ထားမှု  အကူအညီ    ပေးအပ်ရေးဆိုင်ရာ  အစည်းအဝေး   (Consultative   Meeting   on ASEAN Humanitarian Assistance to Myanmar)    သို့  တက်ရောက် သည်။

 


အစည်းအဝေးတွင်  အာဆီယံ ဥက္ကဋ္ဌ၏     အထူးကိုယ်စားလှယ် ဖြစ်သူ     ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊   နိုင်ငံခြားရေး နှင့်  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Prak Sokhonn    နှင့် အာဆီယံလူသားချင်း         စာနာ ထောက်ထားမှုဆိုင်ရာ   ညှိနှိုင်းရေး မှူးဖြစ်သည့်  အာဆီယံအတွင်းရေး မှူးချုပ် H.E. Dato Lim Jock Hoi တို့က  ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

 


တက်ရောက်


အစည်းအဝေးသို့ ဖနောင်ပင် မြို့   အခြေစိုက်    အာဆီယံသံရုံး များမှ      သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂ    အဖွဲ့အစည်းများ၊ အာဆီယံ၏    ပြင်ပမိတ်ဖက်နိုင်ငံ များနှင့်    AHA Centre   တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။ 

 


ဆွေးနွေး


အစည်းအဝေးတွင်  “မည်သူ့ ကိုမျှ       ချန်လှပ်ထားမှုမရှိရေး” မူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု   အကူအညီ များ ပေးအပ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု  အကူအညီ များပေးအပ်ရာတွင်   ကြုံတွေ့ရ သည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး      မြန်မာနိုင်ငံ အတွင်း  အထူးသဖြင့်  ရောက်ရှိရန် ခက်ခဲသော  ဒေသများ၌   ကိုဗစ်-၁၉      ကာကွယ်ဆေးထိုးနှံရေး ဆိုင်ရာ       မူဘောင်အကောင် အထည်ဖော်ရေးအပေါ်   ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင်    မြန်မာ နိုင်ငံ          လုပ်ငန်းအဖွဲ့က အမှန်တကယ်လိုအပ်နေသူများထံ အာဆီယံ၏  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အကူအညီ များ      ဖြန့်ဖြူးရေးအစီအစဉ် အကောင်အထည်     ဖော်ရေးကို ကြိုဆိုခဲ့သည်။

 


ပံ့ပိုးကူညီသွားရေး


ထို့ပြင်  အစည်းအဝေးတွင် မြန်မာလုပ်ငန်းအဖွဲ့၊    အာဆီယံ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံးနှင့်        AHA Centre တို့အနေဖြင့် အာဆီယံခေါင်းဆောင် များအစည်းအဝေး၏  တူညီဆန္ဒ ငါးချက်ပါ    စတုတ္ထအချက်တွင် ပါဝင်သည့်     လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ရေး     အပိုင်း (၂)   ကို မြန်ဆန်ထိရောက်စွာ အကောင် အထည်ဖော်        နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရေး   ကတိကဝတ် ကို   ထပ်လောင်းအတည်ပြုပြော ကြားခဲ့ကြပြီး   လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ အမြန်ဆုံး    ဆက်လက်ပေးအပ် နိုင်ရေးအတွက်  ရှေ့ပြေးစီမံကိန်း (Pilot Project)     များဖြင့် နှစ်ဖက်  သဘောတူညီမှုရရှိသည့် ဒေသများတွင်      ဆောင်ရွက် သွားမည့်ကိစ္စကို    ဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်