
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(United Nations High Commissioner for Refu-gees- UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံး အမှတ်(၄၁) ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြည်သူများအား လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင် ရေးအတွက် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့်နည်းလမ်းများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်