ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဆော်ဒီအာရေဗျ သံအမတ်ကြီးအား တွေ့ဆုံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

 

နေပြည်တော်   မတ်   ၁၈

အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး      ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ        မြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော   ဆော်ဒီ အာရေဗျ     သံအမတ်ကြီး    မစ္စတာ   ဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာ  အယ်လ်စုဘိုင်အား    ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီး အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော   ဆော်ဒီ အာရေဗျနိုင်ငံသံ အမတ်ကြီးအဖြစ်  ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက်     ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား  ပြန်လည်လက်ခံရေးအတွက်  မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံအကြား   ဆောင်ရွက်နေမှု    အခြေအနေများကို      ရှင်းလင်းပြောကြားသည်။   တွေ့ဆုံဆွေးနွေးမှုတွင်  ယုံကြည်ကိုးကွယ်မှု  မတူညီ သူများအကြား  သဟဇာတဖြစ်မှု၏   အရေးကြီးမှု၊  မြန်မာနိုင်ငံနှင့်     ဆော်ဒီအာရေဗျနိုင်ငံတို့အကြား  ကုန်သွယ်မှု၊   ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းအင်   စသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု   မြှင့်တင်ရေး တို့နှင့် ပတ်သက်၍  ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။                

သတင်းစဉ်