မန္တလေး ဖေဖော်ဝါရီ  ၂၁ 
သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန        ပြည်ထောင်စု ဝန်ကြီး  ဦးကိုကိုသည်     ယနေ့ နံနက် ၄ နာရီခွဲတွင်    ချမ်းမြ သာစည်မြို့နယ်ရှိ  မဟာမုနိရုပ်ရှင် တော်မြတ်ကြီးအား    မျက်နှာသစ် တော်ရေ     ကပ်လှူပူဇော်နေမှုကို သွားရောက်     ဖူးမြော်ကြည်ညိုခဲ့ပြီး ပန်း၊    ရေချမ်း၊     ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။
ကပ်လှူပူဇော်
ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်     ပြင်ဦးလွင် မြို့ ကျင်ဂနိုင်ရွာ၊   ဖားအောက် တောရ တပ်ဦး ဓမ္မရိပ်သာကျောင်း သို့ရောက်ရှိပြီး   ဖားအောက်တောရ   ဆရာတော်ကြီး   အဘိဓဇ  အဂ္ဂ မဟာ သဒ္ဓမ္မဇောတိက    ဘဒ္ဒန္တ အာစိဏ္ဏ၏       ကျန်းမာရေးအခြေ အနေများ    မေးမြန်းလျှောက်ထား ကာလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်     အဖွဲ့ သည် ပြင်ဦးလွင်မြို့  မဟာအံ့ထူး ကံသာဆုတောင်းပြည့်ဘုရားကြီး အား   ဖူးမြော်ကြည်ညိုပြီး    ပန်း၊ ရေချမ်းတို့ဖြင့်    ကပ်လှူပူဇော် သည်။ 
ကာကွယ်ထိန်းသိမ်း
ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်       နိုင်ငံတော် ပရိယတ္တိ           သာသနာ့တက္ကသိုလ် (မန္တလေး)သို့ရောက်ရှိရာအစည်းအဝေးခန်းမတွင်    အမျိုးသား ယဉ်ကျေးမှုနှင့်      အနုပညာ တက္ကသိုလ် (မန္တလေး)မှပါမောက္ခ ချုပ်၊   ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့်   တွေ့ဆုံ ၍   အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်  (မန္တလေး)အနေဖြင့် ချမှတ်ထားသော  မူဝါဒ နှင့်အညီ  အမျိုးဂုဏ်၊  ဇာတိဂုဏ် မြင့်မားရေး၊ မြန်မာတိုင်းရင်းသား တို့၏    ရိုးရာယဉ်ကျေးမှု    အမွေ အနှစ်များ၊ အမျိုးသားရေး စရိုက် လက္ခဏာများ   မပျောက်ပျက် အောင်    ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဖော်ထုတ်မြှင့်တင်နိုင်စေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ကျောင်းသား၊ ကျောင်းသူများကို  တိုင်းရင်းသား ရိုးရာအကနှင့်   တိုင်းရင်းသား ရိုးရာဂီတ        ဘာသာရပ်များကို ထည့်သွင်း     သင်ကြားနိုင်ရေး ဆောင်ရွက်သွားရန်၊ သင်ကြားရာ တွင်    သင်ရိုးညွှန်းတမ်းများကို စနစ်တကျရေးဆွဲ၍  သင်ကြား နိုင်ရေး  ဆောင်ရွက်ရန်မှာကြား သည်။
အမြန်ဆုံး  ဝင်ရောက်
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်    မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး သာသနာ ရေး ဦးစီးမှူးရုံး၊      နိုင်ငံတော် ပရိယတ္တိ   သာသနာ့တက္ကသိုလ်၊ ရှေးဟောင်း    သုတေသနနှင့် အမျိုးသားပြတိုက်   ဦးစီးဌာန၊ အနုပညာဦးစီးဌာန၊   အမျိုးသား ယဉ်ကျေးမှုနှင့်     အနုပညာ တက္ကသိုလ်တို့မှ  တာဝန်ရှိသူများ 
အားတွေ့ဆုံ၍  နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံတော်ယန္တရား တစ်ခု လုံးကို ကောင်းမွန်စွာ သက်ဝင် လှုပ်ရှားစေရန် ဆောင်ရွက်နေကြရသူများဖြစ်ပါကြောင်း၊    ယခု အချိန်အခါတွင်     နိုင်ငံ့ဝန်ထမ်း အချို့သည်    မသမာသူအချို့၏ သွေးထိုး  လှုံ့ဆော်မှုများကြောင့် မိမိတို့၏     လုပ်ငန်းခွင်တာဝန် များတွင်    ပျက်ကွက်နေကြပါ ကြောင်း၊       လုပ်ငန်းခွင်နှင့် ကင်းကွာနေသည့်  နိုင်ငံ့ဝန်ထမ်း များ   မိမိတို့၏   လုပ်ငန်းခွင်များသို့ အမြန်ဆုံး  ဝင်ရောက်လာကြရန် တာဝန်ရှိသူများက   ဆက်လက် အသိပေးသွားကြရန်   မှာကြား သည်။
တစ်စိတ်တစ်ဝမ်းတည်း
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   ပုသိမ်ကြီး မြို့နယ်ရှိ   လေးကျွန်းမာန်အောင် သာမဏေကျော် ပရိယတ္တိစာသင် တိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တဝိသုတ   အရှင်သူမြတ်ထံ ထာဝရပစ္စည်းလေးပါး    ဆွမ်း ပဒေသာပင်ငွေကျပ်သိန်း ၅၀ စိုက် ထူ ရေစက်သွန်းလောင်း  လှူဒါန်း သည်။   ပြည်ထောင်စုဝန်ကြီးက ဗုဒ္ဓသာသနာတော်        သန့်ရှင်း တည်တံ့    ပြန့်ပွားရေးအတွက် သာသနာတော်မြတ်ကြီးကို    တိုး တက်ခိုင်မာအောင်    ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊     ဗုဒ္ဓ သာသနာတော်ကို   ညှိုးနွမ်းမှေး မှိန်အောင် ဖျက်ဆီးလိုသူများ၏ ရန်မှလည်း ကာကွယ်ရန်အတွက် ဆရာတော်သံဃာတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်း    ရှိသည် ကို   လျှောက်ထားခဲ့ကြောင်း သိရ သည်။                    သတင်းစဉ်
      
  
      


