
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီ တွင် စစ်ကိုင်းမြို့၊ သောတာပန် ရပ်ကွက်ရှိ သီတဂူအပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ်သို့ သွားရောက်ကာ အဘိဓဇမဟာရဋ္ဌ ဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အရှင်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော် ကြီးထံမှ ဩဝါဒကထာ နာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ထို့အတူ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အောင်မြေသာစံမြို့နယ် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် (မန္တလေး) ရှိ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဉာဏာ လင်္ကာရာဘိဝံသနှင့် ဒုတိယ ပါမောက္ခချုပ် (စီမံ) အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရ အမှူးပြုသော သင်ကြား/စီမံ ဆရာ ဆရာတော် (၇) ပါးတို့အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းသည်။
ထောက်ပံ့ကူညီမှုများပေး
အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံအတွင်းရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ကြီး အစရှိသည့် တန်ခိုး ကြီး ဘုရားစေတီများအား အများ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင် ရေးအတွက် ဖွင့်လှစ်ထားရှိပြီးဖြစ် ကြောင်း၊ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး အတွက် ထေရဝါဒ ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာအောင် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ( ရန်ကုန် / မန္တလေး) ပြန်လည် ဖွင့်လှစ်သင်ကြားနိုင် ရေး လိုအပ်သည်များ မိန့်ကြား ပေးစေလိုကြောင်း၊ နိုင်ငံတော်က ကျင်းပပြုလုပ်သည့် ပရိယတ္တိ စာမေးပွဲများကိုလည်း ပုံမှန် အတိုင်း ကျင်းပပြုလုပ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပရိယတ္တိ အသင်းကြီးများမှ သာမဏေကျော် စာမေးပွဲများကို လည်း ကျင်းပမြဲအတိုင်း ကျင်းပ နိုင်ရေး လိုအပ်သည့်ထောက်ပံ့ ကူညီမှုများ ပေးသွားမည်ဖြစ် ကြောင်း၊ နှစ်စဉ်ကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများနှင့် ပုံမှန်ကျင်းပ လျက်ရှိသည့် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (၄၇) ပါး စုံညီ အစည်းအဝေး များကိုလည်း ဆက်လက် ကျင်းပပြုလုပ်နိုင်ရေး သတ်မှတ်လျာထားပြီး ဖြစ် ကြောင်း လျှောက်ထားပြီး လှူဒါန်း မှု အစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေသည်။
အတတ်နိုင်ဆုံး ဖြည့်ဆည်း
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေ သာစံမြို့နယ် အမျိုးသားဇာတ်ရုံ၌ မန္တလေးမြို့ရှိ ဘာသာရေးအသင်း အဖွဲ့များမှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ရှင်းလင်းပြော ကြားကာ ဘာသာရေးအသင်း အဖွဲ့များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ရန် ဆန္ဒရှိပြီး လိုအပ်ချက် များကို သက်ဆိုင်ရာဌာနများမှ တစ်ဆင့် ဆက်သွယ်တင်ပြနိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်