ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင် ၁၄


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက   တာဝန်ရှိသူများနှင့်အတူ  ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြိုသို့ရောက်ရှိပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီးတို့နှင့်  တွေ့ဆုံဆွေးနွေး သည်။

 


တွေ့ဆုံစဉ်  တိုင်းဒေသကြီးအတွင်း သစ်တော ဖုံးလွှမ်းမှုတိုးတက်ရေး၊  ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တောများ ထိန်းသိမ်းရေး၊   ဒီရေတောဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ     ကာကွယ်စောင့်ရှောက်ရေး၊ သစ်တောစိုက်ခင်းများ၊ ဒီရေတောစိုက်ခင်းများ၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ခင်းများ၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ    ဆက်လက်တည်ထောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့   ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်   ကိစ္စရပ်များကို    ဆွေးနွေးကြ သည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  ပုသိမ် မြို့နယ် သလပ်ခွာကြိုးဝိုင်း၊   အကွက်အမှတ် (၃၀)ရှိ    စီးပွားရေးပျဉ်းကတိုးစိုက်ခင်း  ဧက ၃၅၀  ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ   တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း   လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားပြီး  စိုက်ခင်းရှင်သန်အောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


တာဝန်ကျေပွန်အောင်ထမ်းဆောင်


ယင်းနောက်        ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး တွင် ဦးစီးဌာန/လုပ်ငန်းများမှ    ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ဝန်ကြီးဌာန၏  ရေရှည်မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ     အောင်မြင်ရေးအတွက် ဝန်ထမ်းများလိုက်နာရမည့်    ကျင့်ဝတ်၊    ဥပဒေ၊ နည်းဥပဒေများနှင့်အညီ     ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့၏ ရည်မှန်းချက်တာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်   မှာကြားခဲ့ ကြောင်း သိရသည်။                 

 သတင်းစဉ်