ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 

ချင်းမိုင်  ဇန်နဝါရီ   ၂၁


တိုင်းရင်းသားရေးရာ       ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် (ဒုတိယအကြိမ်) ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိ နေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wiraphong Rhitrot နှင့်အဖွဲ့အား ဒေသစံတော် ချိန် နံနက် ၁၀ နာရီတွင် ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်      ဧည့်ခန်းမဆောင်၌    လက်ခံတွေ့ဆုံ သည်။ 

 


တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ    ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊  မြန်မာ - ထိုင်း နှစ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင်အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊  နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးကိစ္စရပ်များနှင့်   သက်မွေး ဝမ်းကျောင်းနည်းပညာဖလှယ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်   ဆွေးနွေး ကြသည်။ 

 


တွေ့ဆုံပွဲသို့       ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်       တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး   ဦးစောမာတင်လူသာ၊   ကောင်စစ် ဝန်ချုပ်  ဦးအောင်ကျော်လင်းနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။   


သတင်းစဉ်