ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ

 

ပုသိမ်   ဇန်နဝါရီ    ၈


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးစောထွန်းအောင်မြင့်သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန  ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ ၌ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ 

 


ဦးစွာ   ပြည်ထောင်စုဝန်ကြီးက   နှုတ်ခွန်းဆက် စကားပြောကြားပြီး  ဘာသာရေးခေါင်းဆောင်များက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး အလှူငွေများ ပေးအပ်သည်။

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ   တိုင်းရင်းသားစာ‌ပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းရင်း သားများအားလုံးအနေဖြင့် မိမိတို့၏ စာပေနှင့်ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်စေလိုပါ ကြောင်း၊   စာပေနှင့်    ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့်   ပါတီစွဲ၊   ပုဂ္ဂိုလ်စွဲမထားဘဲ   စာပေနှင့် ယဉ်ကျေးမှုကိစ္စများကို  အားသွန်ခွန်စိုက်လုပ်ဆောင် ကြစေလိုပါကြောင်း၊ မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှု အခက်အခဲများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးစေ လိုပါကြောင်း၊   တင်ပြချက်များကို    အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးကို   အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက်  တောင်သူလယ်သမားများ၏ အခန်းကဏ္ဍကို ဦးစားပေး ကူညီပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေး ရရှိအောင် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးသည်  အရေးကြီးပြီး တိုင်းပြည် ကြီးငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေ ရေး ပြေလည်မည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်သစ် မှစ၍ မြန်မာပြည်မြောက်ပိုင်း ခါကာဘိုရာဇီမှ မြန်မာ ပြည်တောင်ပိုင်း ကော့သောင်းအထိ  ငြိမ်းချမ်းပါစေ ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေ နှင့်ယဉ်ကျေးမှုကော်မတီမှ အင်္ဂလိပ်-စကော-ကရင်- အနောက်ပိုးကရင်-မြန်မာ ပူးတွဲအဘိဓာန်စာအုပ်ကို ကရင်စာပေနှင့်   ယဉ်ကျေးမှု    ကော်မတီဥက္ကဋ္ဌက တိုင်းရင်းသားအခွင့်အရေးများ           ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုထံ ပေးအပ်သည်။
ဆက်လက်၍  တွေ့ဆုံပွဲသို့  တက်ရောက်လာကြ သည့်    စာပေနှင့်    ယဉ်ကျေးမှုကော်မတီများက အထွေထွေဆွေးနွေးတင်ပြကြပြီး       ပြည်ထောင်စု ဝန်ကြီးက စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များကို ထောက်ပံ့ငွေများ        ပေးအပ်ခဲ့ပြီး         နိဂုံးချုပ်စကား ပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး  ညွှန်ကြားရေး မှူးရုံး ဝန်ထမ်းများကို တွေ့ဆုံအမှာစကား ပြောကြား ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်