ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်   ၂၄      


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး   ဦးသန့်စင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့ကို   ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံများအကြား   ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စ၊ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်/ ဖြန့်ဖြူးရေးဆိုင်ရာကိစ္စနှင့် နေရောင်ခြည်စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                                                                              
  သတင်းစဉ်