
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ချုံချင့်မြို့အခြေစိုက် South Asia Future Investment Group Pte. Ltd မှ ဥက္ကဋ္ဌဖြစ်သူ Mr. Zhang Jun နှင့် အဖွဲ့အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် South Asia Future Investment Group Pte. Ltd မှ မြန်မာနိုင်ငံ၌ ရေထွက် ပစ္စည်း မွေးမြူထုတ်လုပ်တင်ပို့မှု၊ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ မြို့ပြအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှ တစ်ဆင့် မြန်မာ့ထွက်ကုန်များရောင်းချရေးနှင့် ကျောက်မျက် ရတနာ လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
ထို့အပြင် နိုင်ငံတကာမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ၊ ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် နယ်စပ်ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်နယ်များ သို့ ဆက်လက်ဖြန့်ဖြူးနိုင်ရေး အတွက် ကုန်သွယ်ရေးလမ်း ကြောင်းသစ်ကို စတင်အကောင် အထည်ဖော်ရေး ကိစ္စများကို ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အဆင့်မြင့်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီ မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
သတင်းစဉ်