ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၁၄


အကြိမ် (၂၀) မြောက်   တရုတ်-အာဆီယံကုန်စည်ပြပွဲ နှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွား ရေးနှင့်    ရင်းနှီးမြှုပ်နှံမှု   ထိပ်သီးအစည်းအဝေးသို့   တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက် ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး သည်     ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဥက္ကဋ္ဌ  Mr.  Lan  Tianli   နှင့် ယနေ့ညနေပိုင်းတွင်  နန်နင်းမြို့ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံ သည်။  


ထိုသို့  တွေ့ဆုံစဉ်      ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့်   ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊   တရုတ် - အာဆီယံ ကုန်စည်ပြပွဲ တွင် နှစ်စဉ်ပါဝင်ပြသခြင်းဖြင့် တရုတ်နိုင်ငံနှင့်သာမက အခြားအာဆီယံနိုင်ငံများနှင့်လည်း     ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊    ကွမ်ရှီးဒေသတွင်     ထူထောင်ထားရှိသည့်    သစ်သီးဝလံဈေးကွက်သို့  မြန်မာနိုင်ငံမှ  သစ်သီးဝလံများ    တင်ပို့ရောင်းချနိုင် ရေး၊  မြန်မာနိုင်ငံနှင့်    တိုင်းရင်းဆေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်   လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အဆင့်မြင့်နည်းပညာ      ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်