ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

 

​နေပြည်တော်  စက်တင်ဘာ  ၁၄


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး  ဦးဆောင် သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့ သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ   နန်နင်းမြို့၌   စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ   ကျင်းပ မည့် အကြိမ်(၂၀) မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ် (၂၀)မြောက်   တရုတ် - အာဆီယံ စီးပွားရေးနှင့်        ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့   တက် ရောက်ရန်   ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်  ရန်ကုန်မြို့မှ တရုတ် နိုင်ငံသို့     စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာရာ     ရန်ကုန်မြို့တော် စည်ပင်သာယာရေး   ကော်မတီ ဥက္ကဋ္ဌ   မြို့တော်ဝန်   ဦးဗိုလ်ဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ     စီးပွားရေး သံမှူး   Mr. OU YANG daobing တို့က  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌    လိုက်ပါပို့ဆောင် ကြသည်။
ကျင်းပ
အဆိုပါ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက်    တရုတ်- အာဆီယံ   စီးပွားရေးနှင့်   ရင်းနှီး မြှုပ်နှံမှု      ထိပ်သီးအစည်းအဝေး တို့ကို      “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာ စေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှု ဗဟိုချက်အသစ်ကို ပြုစုပျိုးထောင် ပေးခြင်းတို့ဖြင့်  အတူမျှဝေခံစား သည့်    အနာဂတ်နှင့်    ဟန်ချက် ညီမျှသည့်   နေရာတစ်ခုဖြစ်လာ စေရေးအတွက်       အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူ သော   ရည်ရွယ်ချက်ဖြင့်   ကျင်းပ ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်သို့     ပြည် ထောင်စုဝန်ကြီးနှင့်အတူ မန္တလေး မြို့တော်        စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ        မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့      စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့  စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့  သယံ ဇာတရေးရာဝန်ကြီး    ဦးဇော်ဝင်း၊ မြန်မာကုန်သွယ်မှု      မြှင့်တင်ရေး အဖွဲ့၊       ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ  နှင့်    စီးပွား ရေးလုပ်ငန်းရှင်   ၂၀၉  ဦး လိုက်ပါ သွားကြသည်။
ခင်းကျင်းပြသ 
မြန်မာနိုင်ငံအနေဖြင့်    ဆန် စပါးကဏ္ဍ၊    ရေထွက်လုပ်ငန်း ကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ ကော်ဖီ နှင့်လက်ဖက်ကဏ္ဍ၊     ဟင်းခတ် အမွှေးအကြိုင်ကဏ္ဍ၊    သစ်သား ထည်ကဏ္ဍ၊    အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊    လက်မှု အနုပညာကဏ္ဍနှင့် ကျောက်မျက် ကဏ္ဍတို့အတွက်    ပြခန်းပေါင်း ၈၀  ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်