ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

 

လေရှီး   ဇန်နဝါရီ   ၁၇


တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့နံနက်ပိုင်းတွင်      လေရှီး မြို့နယ် နာဂယဉ်ကျေးမှုပြတိုက်၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်    တွေ့ဆုံ သည်။


ဦးစွာ   ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏   စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင် ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက် ခိုင်မာစေရေးအတွက်   ကျန်းမာ ရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းတာဝန် များကို နိုင်ငံတော်က ပြဋ္ဌာန်းထား ရှိသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊  တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ  စနစ်တကျ  မှတ်ပုံတင် နိုင်ရေးနှင့်      တိုင်းရင်းသားများ အတွက် တိုက်ရိုက်အကျိုးခံစားစေ မည့်လုပ်ငန်းများကို   ဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းရင်းသားရေးရာ နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုး များအကြားဖြစ်ပွားသည့် အငြင်း ပွားမှုများကို    ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ထံ  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေ ဖြင့်  ဥပဒေ၊  နည်းဥပဒေများနှင့် အညီ ညီညွတ်စွာ တင်ပြဆောင်ရွက် နိုင်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာ သည့်   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်း သားရေးရာ       ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ငွေကျပ် သိန်း  ၄၀  ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။ (အပေါ်ဝဲပုံ)

သတင်းစဉ်