
စစ်တွေ မေ ၂၀
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရိဝုဏ် အတွင်း၌ စစ်တွေမြို့ သန့်ရှင်း သာယာရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ် ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် ရောက်ရှိနေ ကြသည့် ပရဟိတအဖွဲ့များကို တွေ့ဆုံအားပေးသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက စစ်တွေမြို့ လမ်းမကြီး များ အပါအဝင် မြို့ပေါ်ရပ်ကွက် လမ်းများအား ပိတ်ဆို့မှုမရှိအောင် ဖယ်ရှား ရှင်းလင်းရေးလုပ်ငန်း များ၊ လျှပ်စစ်ဓာတ်မီးတိုင်များ ပြန်လည်စိုက်ထူခြင်း၊ လျှပ်စစ်မီး ကြိုးသွယ်တန်းခြင်းများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ အရေးကြီး အဆောက်အအုံများတွင် ဖယ်ရှား ရှင်းလင်းရေး လုပ်ငန်းများကို မြန်ဆန်စွာပြီးစီးအောင် စနစ် တကျစုဖွဲ့၍ ဆောင်ရွက်သွားကြ ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် စစ်တွေမြို့ မေယုလမ်း လမ်းမကြီးနှင့် လမ်းသွယ်များတွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့သည့် သစ်ပင်သစ်ကိုင်းများအား ခုတ် ထွင် ရှင်းလင်းခြင်း၊ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်း များ၊ ရုံးအဆောက်အအုံများတွင် စုပေါင်းရှင်းလင်းခြင်း လုပ်ငန်း များနှင့် မြို့တွင်းလျှပ်စစ်မီးရရှိ ရေးလုပ်ငန်းများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)