ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇန်နဝါရီ  ၁၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  မိုးမင်းနိုင်နှင့်  ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


အသေးစိတ်မှာကြား


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးသည်  ပုသိမ် အကျဉ်းထောင်ရှိ   အစည်းအဝေးခန်းမ၌   အကျဉ်း ထောင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဧရာဝတီတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး က ဇန်နဝါရီ ၆ ရက်တွင် အကျဉ်းထောင်၌ အကျဉ်း သား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ သည့် အခြေအနေနှင့် ဖြစ်စဉ်တွင် ထောင်ဝန်ထမ်းများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းထောင်လက်စွဲ ပါ     လုပ်ထုံးလုပ်နည်းများနှင့်အညီ    ထိန်းသိမ်း ဆောင်ရွက်ခဲ့သည့်  အခြေအနေများကို   ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အလားတူ ထောင် အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွား မှု   မရှိစေရေး၊   ယခုဖြစ်စဉ်ကို   အတွေ့အကြုံယူ၍ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ အစီ အမံများ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍    အကျဉ်းထောင်တာဝန်ရှိသူများကို အသေးစိတ်မှာကြားသည်။

 


လှည့်လည်ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကျဉ်း ထောင်ရှိ   ဗဟိုကင်း၊  အကျဉ်းသား/အချုပ်သား အိပ်ဆောင်များ၊ မီးဖိုကြီး၊  ရိက္ခာဂိုဒေါင်၊  ဇန်နဝါရီ ၆ ရက်တွင်  အကျဉ်းထောင်အတွင်း   အကျဉ်းသား/အချုပ်သားများ   ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် နေရာနှင့်   ဆူပူအကြမ်းဖက်မှုဖြစ်ပွားစဉ်   ၎င်းတို့ ကိုင်စွဲအသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများ၊ ၎င်းတို့ ဖျက်ဆီးခဲ့သည့် လုံခြုံရေးအထောက်အကူပြုပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့ရမှုတို့ကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


အထူးဂရုပြုဆောင်ရွက်ပေး


ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံခြုံ ရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ လုံခြုံရေး စည်း ကျိုးပေါက်မှုမရှိစေရေး ဝန်ထမ်းများ ၂၄ နာရီ ကင်းတာဝန်ချထားရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ် များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူး ဂရုပြုဆောင်ရွက်ရန်၊    အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိသည့်    ကန့်သတ်ပစ္စည်းများ   ပေးပို့ တင်သွင်းနေသည်များရှိ၍ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အကျဉ်းသား/ အချုပ်သားများ၏ အိပ်ဆောင်များအား စနစ်တကျ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်သွားရန်၊ ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူ ကင်းရှင်း ပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာ နေထိုင်ကြရန်နှင့် မိမိကိုင်တွယ်သည့်  လက်နက်များကို  ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး  အမြဲတမ်းလေ့ကျင့်သွား ကြရန်၊ အကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့်  အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို   အထူးဂရုပြု    ဆောင်ရွက်ပေးရန်၊ ၎င်းတို့ကိုလည်း  တည်ဆဲဥပဒေ၊  အမိန့်၊  ညွှန်ကြား ချက်များနှင့်အညီ နေထိုင်စေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်    လိုအပ်ကြောင်း   အသေးစိတ် မှာကြားကာ  တာဝန်ရှိသူများ၏   တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထောက်ပံ့ငွေများပေးအပ်


ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်အကျဉ်းထောင်ခန်းမ၌  အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော   ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို တွေ့ဆုံ၍ လိုအပ်သည် များ  မှာကြားပြီး မိသားစုဝင်များ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းကာ လိုအပ်ချက်များ     ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိသားစုဝင်များအတွက် မီးဖိုချောင်သုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

 


လိုအပ်သည်များမှာကြား


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့နယ် ရှိ   အင်းစိန်ဗဟိုအကျဉ်းထောင်သို့    ရောက်ရှိကာ အကျဉ်းထောင်အဝင်ဝရှိ    ထောင်ဝင်စာ   ပါဆယ် လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေး ဌာနစိတ်တို့တွင်    လာရောက်ပေးပို့သည့်   ပါဆယ် ပစ္စည်းများကို Luggage X-Ray Scanner စက်ဖြင့် စနစ်တကျ    စစ်ဆေးရှာဖွေနေမှုကိုလည်းကောင်း၊ အကျဉ်းထောင်   CCTV Control Room   အတွင်းရှိ လုံခြုံရေးစောင့်ကြည့်နေမှုကိုလည်းကောင်း၊ စားဖို ကြီးတွင် အကျဉ်းသား/ အချုပ်သားများ နံနက်စာ စားသုံးရန်အတွက်     ထမင်းနှင့်     ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်နေမှုအခြေအနေများကို   လည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များကို လိုအပ်သည်များမှာကြားသည်။

 


နံနက်စာအတူတကွသုံးဆောင်


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း  (အင်းစိန်)သို့    ရောက်ရှိကာ    သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား  အိပ်ဆောင်များ၊   စာသင်ခန်းမနှင့် စားရိပ်သာတို့ကို   လှည့်လည်ကြည့်ရှုစစ်ဆေးကာ တပ်သားအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၀၇)မှ     သင်တန်းများနှင့်အတူ     နံနက်စာအတူတကွ သုံးဆောင်ပြီး သင်တန်းသားများအတွက် ထောက်ပံ့ ငွေများကို ပေးအပ်သည်။

 


စနစ်တကျ လေ့ကျင့်ဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည်    ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့နယ်ရှိ တောင်ငူအကျဉ်းထောင်သို့ ရောက်ရှိကာ  အကျဉ်း ထောင်ရှိ စားဖိုကြီးအသစ်ဆောက်လုပ်သည့်နေရာ၊ အကျဉ်းသား/ အချုပ်သားအိပ်ဆောင်များ၊ ရေချိုး ကန်များနှင့် ဆေးရုံဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အကျဉ်းထောင်လုံခြုံရေးနှင့် ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင် ဆူပူ မှုများဖြစ်ပွာလာပါက အချိန်တိုအတွင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု များကို   စနစ်တကျ  လေ့ကျင့်ဆောင်ရွက်ထားရန်၊ အကျဉ်းသား/ အချုပ်သားများအား    ချက်ပြုတ် ကျွေးမွေးရာတွင် စေတနာထား၍ ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးမကောင်းသည့်  အကျဉ်းသား/ အချုပ် သားများအား စေတနာထား၍ ဂရုတစိုက် ပြုစုကုသ ပေးရန်နှင့် HIV/AIDS ရောဂါရှိသူ  အကျဉ်းသား/ အချုပ်သားများ ပြစ်ဒဏ်စေ့၍ လွတ်မြောက်ပါက ဆေးဝါး    ဆက်လက်သောက်သုံးနိုင်ရေးအတွက် အကျဉ်းထောင်ဆရာဝန်က  သေချာစွာ  လမ်းညွှန် ပေးရန်တို့နှင့် ပတ်သက်၍ အကျဉ်းထောင်တာဝန် ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်