
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုဌာနချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရုံးအမှတ် (၄၅) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်း များအဖွဲ့ ဗဟိုဌာနချုပ်ရုံးကို ပြည်ထောင်စုဝန်ကြီးက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမှာစကားပြောကြား ပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ် များကို အဖွဲ့ဝင်အသိအမှတ်ပြုလွှာနှင့် အဖွဲ့ဝင်ကတ် များကို ပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများ အဖွဲ့ ဗဟိုဌာနချုပ်အတွက် အလှူငွေများကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ် အောင်အောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား ငွေကျပ်သိန်း ၅၀၀ နှင့် ရဲမှုထမ်းဟောင်း အလှူရှင် များက ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်း သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဝင် များ၊ မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်