
ရန်ကုန် မတ် ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် လေ့ကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင် များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ တစ်ကိုယ်ရေစွမ်းရည်ပြပြိုင်ပွဲနှင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူနှင့် ဦးစီး အရာရှိများ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ များနှင့် ခရိုင်မီးသတ်ဦးစီးမှူးများ၊ ခရိုင်လေးခရိုင်မှ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းနှင့်အညီ တက်ရောက် ကြသည်။
ကြည့်ရှုအားပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ပြသထားသည့် ရှေးဟောင်းယာဉ်များ ပြတိုက် တွင် ခေတ်အဆက်ဆက် အသုံးပြု ခဲ့သော သက်တမ်း ၇၀ မှ ၁၁၆ နှစ်ရှိသည့် မီးသတ်ယာဉ်များကို လည်းကောင်း၊ ခေတ်မီ IT နည်း ပညာ အထောက်အကူစနစ်ဖြင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရန် စီမံထားရှိသော 191 Report and Dispatch Order System, e-Watching Tower System, Vechical Tracking System, 3G Network Radio System နှင့် e-Office စသည့် စနစ်လေးမျိုးဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ကပ်ရောဂါ ဘေးနှင့် သဘာဝဘေးအန္တရာယ် များအား ကြီးကြပ်ကွပ်ကဲဆောင် ရွက်လျက်ရှိသည့် Command and Control Center ကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ် လေ့ကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြ ပြိုင်ပွဲနှင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာ တင်ယာဉ်ဝန်ဆောင်မှု လုပ်ငန်း များ Emergency Medical Services (EMS) စွမ်းရည်ပြပြိုင်ပွဲ နှင့် သရုပ်ပြသမှုတို့ကို ကြည့်ရှု အားပေးသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် မီးသတ်တပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များကို မီးသတ်တပ်ဖွဲ့ဌာနချုပ် ၏ သီတာခန်းမတွင် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင် သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့မြို့နယ်နှင့် ရပ်ရွာများ၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၃ ခုနှစ်၊ မီးသတ်တပ်ဖွဲ့ဥပဒေ အရ မီးသတ်တပ်ဖွဲ့ကို အခြား သောတပ်ဖွဲ့များနည်းတူ စည်းကမ်း သေဝပ်သော တပ်ဖွဲ့အသွင်ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့ အစည်းအမျိုးမျိုးအား အရန် မီးသတ်တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံအတွင်း နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့် မီးလောင်မှုများအပါအဝင် ရေကြီး ရေလျှံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုကျမှု စသည့်ဘေးအန္တရာယ် အမျိုးမျိုးတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေ တပ်ဖွဲ့ဝင်များနှင့် လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သန္ဓေ တပ်ဖွဲ့ဝင်များနည်းတူ နိုင်ငံတော် အဆင့် ဘွဲ့ထူးဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၈ ဦး အထိ ပေးအပ်ချီးမြှင့်ခဲ့ပြီး လက် မောင်းဘက်တံဆိပ်များကိုလည်း ပြောင်းလဲတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ ဖွဲ့စည်းသည်နှင့်အမျှ ပရဟိတ စိတ်ဓာတ်များကို အခြေခံသော လူမှုဝန်းကျင်ကိုရရှိစေ၍ နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုငွေများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ဆူးလေ) အတွင်း ထားရှိသည့် မီးသတ်ယာဉ်နှင့် စက်ပစ္စည်း ကိရိယာများအား ကြည့်ရှုစစ်ဆေး ၍ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြမှုကို ဆက်လက် ကြည့်ရှုအားပေးကာ သန္ဓေတပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ များအား ဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်ခဲ့သည်။
သတင်းစဉ်