ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မောင်တောဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ   ၂၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်     ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်သည်  ဇန်နဝါရီလ ဒုတိယပတ်အတွင်း     ရခိုင်ပြည်နယ်    မောင်တောခရိုင်အတွင်းရှိ ကျီးကန်းပြင်၊ ဇင်ပိုင်ညာ၊ မြင်းလွတ်၊ အင်းဒင်နှင့်  ကြိမ်ချောင်းနယ်မြေ များ၌ နယ်စပ်ဒေသလုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးတပ်ဖွဲ့များ၏ လုံခြုံရေးဆောင်ရွက်နေမှုများ၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ သက်သာချောင်ချိ ရေး ဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံကာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 


အဆိုပါခရီးစဉ်အတွင်း   ပြည်ထောင်စုဝန်ကြီးအား သက်ဆိုင်ရာ တပ်ဖွဲ့များမှ တာဝန်ရှိသူများက နယ်စပ်ဒေသလုံခြုံရေး၊ နယ်မြေဒေသ လုံခြုံရေးနှင့် တပ်တည်ဆောက်ရေးလုပ်ငန်း  ဆောင်ရွက်နိုင်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ခိုးဝင်ဘင်္ဂါလီများမရှိရေး၊  တရားမဝင်ကုန်သွယ်မှုကိစ္စများမရှိရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး၊   ဆက်သွယ်ရေးလမ်းကြောင်းများအပါအဝင်  နယ်မြေအတွင်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မှာကြားပြီး    လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်


ဆက်လက်၍       ပြည်ထောင်စုဝန်ကြီးသည်   ခရီးစဉ်အတွင်း တပ်မိသားစုများကို    တပ်ဖွဲ့တစ်ခုချင်းအလိုက်   သီးခြားတွေ့ဆုံပြီး လက်ရှိလုံခြုံရေးဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာသည့် အခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ   ဆောင်ရွက်ခဲ့ရမှု၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ရှေ့လုပ်ငန်းစဉ်  (၅) ရပ်  ချမှတ်ဆောင်ရွက်နေမှုမှ      တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ အကြိုပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ    လုံခြုံရေးဆိုင်ရာများ  ဆောင်ရွက်ရာတွင်   ဆောင်ရန်ရှောင်ရန် များ၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားမှုများနှင့်အညီ အမျိုးသားရေးရည်မှန်းချက်ချမှတ်ထားရှိမှုနှင့်အညီ တပ်ဖွဲ့ဝင်နှင့် မိသားစုများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေစွာ လိုက်နာတာဝန်ထမ်းဆောင် ကြရေး၊ ရဲတပ်ဖွဲ့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေ ရိက္ခာဖူလုံရေး  ရည်မှန်းချက်တွင် အထောက်အကူပြုသည့်   မိမိတို့နှင့် သက်ဆိုင်သည့်     လုပ်ဆောင်ရမည့်၊    လိုက်နာဆောင်ရွက်ရမည့် တပ်တည်ဆောက်ရေး  လုပ်ငန်းတာဝန်ကြီး(၄)ရပ် တိုးတက်အောင်မြင် အောင် ဆောင်ရွက်ရေး၊ တပ်တွင်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို   ယခုထက်  ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက် ရေး၊ မိသားစုဝင်များ၏ သားသမီးများကို ပညာရေးအဆင့်မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့်  တပ်တွင်းစည်းလုံးညီညွတ်မှု  ပိုမိုခိုင်မာရေးတို့ကို မှာကြားပြီး မိသားစုဝင်များအတွက် ထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်သည်။

 


စည်းလုံးညီညွတ်စွာနေထိုင်ရေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များ  နေထိုင်နေကြသည့် မိသားစုလိုင်းခန်းများကို စစ်ဆေးပြီး(အပေါ်ပုံ) စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းများ  တစ်ပိုင်တစ်နိုင်  ဆောင်ရွက် ရေး၊ စည်းလုံးညီညွတ်စွာနေထိုင်ရေး၊  လုံခြုံရေးဆိုင်ရာများတွင်   ပါဝင် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး ရေ၊ မီး ရရှိရေးဆိုင်ရာများ ပေါင်းစပ် ညှိနှိုင်းပေးကာ    မိသားစုဝင်သားသမီးများအား   ထောက်ပံ့ငွေများ တစ်ဦးချင်းပေးအပ်သည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့်အတူ နေ့လယ်စာနှင့်  ညစာအတူတကွ သုံးဆောင်ပြီး မိသားစု ဝင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အားပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မောင်တောခရိုင်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများကို တွေ့ဆုံခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခြင်း ကို သီးခြားစီဆောင်ရွက်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏   ရေရရှိရေး၊   လမ်းကောင်းမွန်ရေး၊   မဲပေးပိုင်ခွင့်ရရှိရန်နှင့် ပညာရေး၊  ကျန်းမာရေးဆိုင်ရာ  တင်ပြချက်များအပေါ် ဌာနဆိုင်ရာ များနှင့်    ပေါင်းစပ်ဆောင်ရွက်ပေးပြီး    ခရိုင်အဆင့်ဌာနဆိုင်ရာများ ဌာနအချင်းချင်း ပေါင်းစပ်ရန်လိုအပ်သည့်ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားရှိသည့် မူဝါဒလမ်းညွှန်ချက်များအပေါ် တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရေးတို့ကို မှာကြား ဆွေးနွေး၍ မြို့နယ်ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပျော်ပွဲရွှင်ပွဲနှင့် မိတ်ဆုံစားပွဲများပြုလုပ်ရေး သီးခြားစီ ငွေကြေးထောက်ပံ့ ပေးသည်။

 


ကြည့်ရှုစစ်ဆေး


ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည်   ကညင်ချောင်းဒေသ စီးပွားရေးဇုန်နယ်မြေနှင့် မြင်းလွတ်နယ်မြေရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသ    လုံခြုံရေးဆောင်ရွက်ထားရှိသည့်   နယ်စပ် ခြံစည်းရိုးလုပ်ငန်းများကို မြေပြင်ကြည့်ရှုစစ်ဆေးပြီး ခြံစည်းရိုးများ၏ လက်ရှိ   အရည်အသွေးခိုင်မာမှု၊   ပျက်စီးမှု၊  ပြန်လည်ပြင်ဆင်ရမည့် အခြေအနေများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်ဆောင်ရွက်မှုကို ကြည့်ရှုသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့၌  ရခိုင်ပြည်နယ် အစိုးရအဖွဲ့   တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ မောင်တောဒေသသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီး အကဲများ၏ တင်ပြချက်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၏ တင်ပြချက်များနှင့် နယ်မြေခံနယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။                                          

 

သတင်းစဉ်