ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မလတ်တောင် မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများကို ပြန်လည်နေရာချ ထားမည့်နေရာကြည့်ရှု

Image not available


 

နေပြည်တော် ဖေဖော်ဝါရီ ၂၄


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းပြီး မလတ် တောင်မြေပြိုမှုကြောင့် ဘေးသင့်သော ပြည်သူများ ပြန်လည်နေရာချထားမည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြ သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အဆိုပါကျေးရွာတွင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးသင့်ပြည်သူ များကို ပြန်လည်နေရာချထားရန် အတွက် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (မွန်) က တာဝန်ယူ တည်ဆောက်ပေးထား သည့် နေအိမ် ၂၃ လုံးတည်ဆောက် ထားရှိမှု၊ ရေရရှိရေး၊ လျှပ်စစ်မီး သွယ်တန်းရေး ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် သဲဖြူကုန်းကျေးရွာ တွင် ပြည်နယ်အစိုးရက တည်ဆောက် လှူဒါန်းထားသည့် သဲဖြူကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်၊ ရဲပြား ကုန်းကျေးရွာ အခြေခံပညာမူလ တန်းကျောင်းကို ဘေးကင်းလုံခြုံ သော နေရာသစ်သို့ ပြောင်းရွှေ့တည် ဆောက်ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ လမ်းလျှောက် ညဈေးတန်းသို့ သွားရောက်ခဲ့ပြီး ခင်းကျင်းရောင်းချလျက်ရှိသော ဈေး ဆိုင်တန်းများကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။ သတင်းစဉ်