ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဝန်ကြီးဌာန၏ မိသားစုသင်္ကြန်အကြိုပွဲတော် ပါဝင်ဆင်နွှဲ

 

နေပြည်တော်    ဧပြီ    ၉


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာဌေးအောင်သည်   ယမန်နေ့ ညနေပိုင်းက    ဝန်ကြီးဌာန   ကျောက်စိမ်းခန်းမ၌ ကျင်းပသော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ မိသားစုသင်္ကြန်အကြိုပွဲတော်သို့ ပါဝင်ဆင်နွှဲသည်။ 

 


အဆိုပါသင်္ကြန်ပွဲတော်သို့ ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် အရာရှိများ၊ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများက ကိုဗစ်-၁၉ ကပ်ရောဂါ  စည်းမျဉ်း စည်းကမ်းများနှင့်အညီ       ပါဝင်တက်ရောက်ပြီး တိုင်းဒေသကြီး/    ပြည်နယ်များမှ   ဝန်ထမ်းများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။ 

 


အဆိုပါ သင်္ကြန်အကြိုပွဲတော်တွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာပြက္ခဒိန်နှစ်အရ  နှစ်ဆန်းတစ်ရက် နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် နှစ်သစ်သို့ကူးပြောင်း ရောက်ရှိမည်ဖြစ်၍     ဝန်ထမ်းများအနေဖြင့်   အသိ ပညာ၊ အတတ်ပညာများ တိုးပွားအောင် ကြိုးစားကြ ပြီး စည်းလုံးညီညွတ်စွာဖြင့် ဌာနဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်က       ဝန်ထမ်းဆိုင်ရာအခွင့်အရေးများ တိုးမြှင့်ပေးသကဲ့သို့ ဝန်ထမ်းများအနေဖြင့် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊    ဝန်ထမ်းများအားလုံး နှစ်သစ်၌ အတွေးသစ်  အမြင်သစ်များဖြင့်   ဌာန တာဝန်၊ နိုင်ငံ့တာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှု များဖြင့်  ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။ 

 


ထို့နောက်   ဝန်ကြီးဌာန  ဝန်ထမ်းများ   ယိမ်း အဖွဲ့၏    ကပြဖျော်ဖြေမှုကို    ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုချီးမြှင့်ကာ မိသားစုသင်္ကြန် အကြိုပွဲတော် သို့  တက်ရောက်လာသော  အရာထမ်း/ အမှုထမ်း များကို     အတာရေပက်ဖျန်းပေးခဲ့ကြောင်း   သိရ သည်။

 

သတင်းစဉ်