
မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံမှ တိုးမြှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ
နေပြည်တော် အောက်တိုဘာ ၂၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်း တွင် ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဘာသာရပ်တာဝန်ခံများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံတွင် ပညာသင်ကြားခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ တက်ရောက်ကြပြီး တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကထိကများ၊ နည်းပြများက အွန်လိုင်းမှ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေး ရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံ မှ တိုးမြှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာသေးမီ ကာလက ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သော (၇) ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အတွင်း ဆွေးနွေးခဲ့ သော နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကဏ္ဍ ရှစ်ခုတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှာ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ လူသားများ ကူးလူးဆက်ဆံမှုရှိနေသမျှ ကာလ ပတ်လုံး ရှိနေမည့်အပြင် နိုင်ငံအသီးသီး၌ ကူးသန်း ရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများ ပူးတွဲအကောင်အထည်ဖော် လာကြသည် ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လည်း မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေး ထားပါကြောင်း၊ ထို့ပြင် နှစ်နိုင်ငံဆက်ဆံမှုကိုမြှင့်တင် ရန်နှင့် ရုရှားခရီးသွား ဧည့်သည်များ ဝင်ရောက်လာ ပါက အဆင်ပြေချောမွေ့စေရန်အတွက် ရုရှားဖက် ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော ဝန်ကြီး ဌာန အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန်လည်း လမ်းညွှန် ထားရှိပါကြောင်း။
ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ များအနေဖြင့် ရုရှားနိုင်ငံမှ ဧည့်သည်များကို လေ့လာ ရေးခရီးစဉ် ခေါ်ယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် ရုရှား နိုင်ငံ၏ ခရီးသွားဈေးကွက်ကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် မိမိတတ်နိုင်သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြမည်ဟု မျှော်လင့်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်သည့် သဘောသဘာဝရှိသည့်အတွက် အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သော ကြောင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက်လာကြသူများ က ရုရှားနိုင်ငံသားများ၏ အလေ့အထများ၊ ရုရှား နိုင်ငံသားများ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိပြီး လာရောက်လည်ပတ်ရေးအတွက် ဆောင်ရွက်သင့် သည်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ရုရှား ဘာသာစကား ကျွမ်းကျင်မှုသင်တန်းများကို ပူးပေါင်း ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များတို့ကို ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များက သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေးနှင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အကြံပြုတင်ပြခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြံပြုတင်ပြ ချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်