
နေပြည်တော် မတ် ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် ဧည့်ဂေဟာနှင့် ဟိုတယ်များသို့ သွားရောက်ကာ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင် များ အသင်းအလုပ်အမှုဆောင်၊ ဟိုတယ်များမှ အထွေထွေ မန်နေဂျာများ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံ တကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသား များ၊ မြန်မာနိုင်ငံသားများ နိုင်ငံ အတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာ လေကြောင်းခရီးစဉ် များကို ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့် အညီ လာမည့် ဧပြီ ၁၇ ရက်မှ စတင်၍ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ် မည့်အတွက် ခရီးသွားဧည့်သည် များ လာရောက်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကခရီးစဉ် ဒေသများသို့ လာရောက်လည်ပတ် မည့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချ၍ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါ ကြောင်း၊
အထူးသဖြင့် နေပြည်တော် သည် ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်လိုသော ခရီးစဉ်ဒေသ တစ်ခုဖြစ်သည့်အတွက် ခရီးသည် များ တည်းခိုနေထိုင်ရာ ဟိုတယ် များအနေဖြင့် မိမိတို့ဟိုတယ်များ သန့်ရှင်းသာယာလှပရေး၊ လုံခြုံ စိတ်ချရသော ဝန်ဆောင်မှုများ ပေးနိုင်ရေးနှင့် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမှတ် ပြုလက်မှတ်များ (National-HSP Certificate) လျှောက်ထားရရှိရေး အတွက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနက လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုံခြုံရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော ညွှန်ကြားချက် များကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာသူများ က ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ နိုင်ငံတော် ဧည့် ဂေဟာနှင့် ဟိုတယ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှု ကို ကြည့်ရှုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်