ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” တက်ရေ

 

နေပြည်တော်   နိုဝင်ဘာ   ၃၀


အာဆီယံ-တရုတ်         စင်တာမှ ကြီးမှူး၍ “အာဆီယံပေါင်းစည်းမှု ဆိုင်ရာ  မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတို့အကြား     ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု    တိုးတက် ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်”အစီအစဉ်ကို လာအိုပြည်သူ့ ဒီမိုကရက်တစ်         သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန် မြို့တို့၌    နိုဝင်ဘာ  ၂၆     ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ  ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊       နိုင်ငံခြားရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်        ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


ပြည်ထောင်စု              ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်  တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊     ဗီယင်ကျန်းမြို့ရှိ ခရီးသွားဆွဲဆောင်ရာ    နေရာများ ဖြစ်သော ပသူလွန်းဘုရား၊ မြဘုရား ထားရှိခဲ့သည့်          ကျောင်းတော် ဟောင်း၊  ဗီယင်ကျန်းဖွံ့ဖြိုးရေးဇုန် တို့သို့ သွားရောက်လေ့လာကြပြီး  ညနေပိုင်းတွင် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့      တက်ရောက် ကြသည်။


နိုဝင်ဘာ   ၂၇   ရက်  နံနက် ပိုင်းတွင်   ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော  မြန်မာကိုယ်စား  လှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ  ဒုန်ချန်ပဲလေ့စ်ဟိုတယ်၌ ကျင်းပ သည့်   “အာဆီယံပေါင်းစည်းမှု ဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမ  စီမံကိန်းတို့အကြား     ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက် ရေးနှင့်သာယာဝပြောမှုမျှဝေရေး ဖိုရမ်” သို့ တက်ရောက်သည်။


 ဖိုရမ်တွင်      လာအိုပြည်သူ့ ဒီမိုကရက်တစ်       သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်     လာအို နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင် ပင်ခံညီလာခံ အမျိုးသားကော်မတီ  ဒုတိယဥက္ကဋ္ဌတို့က အဖွင့်အမှာ စကားများ ပြောကြားကြသည်။


ပြည်ထောင်စု          ဝန်ကြီး     ဒေါက်တာသက်သက်ခိုင်က အဖွင့် အမှာစကား     ပြောကြားရာတွင် ယခုဖိုရမ်   ကျင်းပပြုလုပ်ရခြင်း သည်     တရုတ် - အာဆီယံနိုင်ငံ များအကြား ရုပ်ပိုင်းဆိုင်ရာ၊ အဖွဲ့ အစည်းဆိုင်ရာနှင့် လူသားအချင်း ချင်း  ဆက်သွယ်မှု၊  ပေါင်းစည်းမှု အားလုံးကို ခိုင်မာစေရန် ရည်ရွယ် ပါကြောင်း၊ အာဆီယံပေါင်းစည်းမှု ဆိုင်ရာ    မဟာစီမံကိန်း      ၂၀၂၅  အနေဖြင့်       အာဆီယံနိုင်ငံများ အကြား  စဉ်ဆက်မပြတ် ရေရှည် တည်တံ့သည့် အခြေခံအဆောက် အဦများ   ဖြစ်ပေါ်လာရေး၊  ဒစ်ဂျစ် တယ်နည်းပညာနှင့်        တီထွင် ကြံဆမှုများ တိုးတက်လာရေးနှင့် ပို့ဆောင်ဆက်သွယ်မှု    လွယ်ကူ စေရေး၊     တရားဥပဒေစိုးမိုးရေး နှင့်   ဒေသတွင်း   နိုင်ငံသားများ အချင်းချင်း ဆက်သွယ်ပေါင်းစည်း ခြင်းတို့ကို    မြှင့်တင်ဆောင်ရွက် သွားရန်ဖြစ်ပြီး      တရုတ်နိုင်ငံ ရပ်ဝန်းနှင့်     ပိုးလမ်းမစီမံကိန်း အနေနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်       အာဆီယံနိုင်ငံများ အကြား        ပူးပေါင်းဆောင်ရွက် မှုများကို          တိုးတက်လာစေ ပါကြောင်း။ 


အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ လုပ်ငန်းစဉ် များတွင် မြန်မာ-လာအို စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအတွင်း မီးရထားလမ်း နှင့် အမြန်လမ်းမကြီးများ  တည် ဆောက်ခြင်း စသည့်လုပ်ငန်းစဉ် များလည်း     ပါဝင်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေ ဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံ အဆောက်အဦဆိုင်ရာ    စီမံချက် များ၊      ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းများနှင့် လူ့ စွမ်းအားအရင်းအမြစ် တိုးတက် စေရေးကဏ္ဍများတွင်    ပူးပေါင်း ကူညီပေးစေ           လိုပါကြောင်း၊     ပူးပေါင်း      ဆောင်ရွက်ခြင်းဖြင့်     ငြိမ်းချမ်းသာယာမှု၊ အားလုံးပါဝင် မှု၊ တန်းတူညီမျှမှု၊  အပြန်အလှန် သင်ယူမှုနှင့် အပြန်အလှန် အကျိုး ရှိမှုတို့ကို       ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ 


ဆက်လက်၍      အာဆီယံ စီးပွားရေး   အသိုက်အဝန်းဆိုင်ရာ အာဆီယံ     ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊     အာဆီယံ-တရုတ်ဗဟိုဌာန      အထွေထွေ အတွင်းရေးမှူးချုပ်တို့က  အမှာ စကားများ ပြောကြားကြသည်။


ယင်းနောက် မြန်မာကိုယ်စား လှယ်    နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက      အာဆီယံ-တရုတ် ဆက်သွယ်ပေါင်းစည်းမှုလုပ်ငန်းစဉ်များနှင့် အောင်မြင်မှု များအပေါ်    ရှင်းလင်းပြောကြား ရာတွင်  ၂၀၂၃  ခုနှစ်၊  ဩဂုတ်လ စာရင်းများအရ      မဟာစီမံကိန်း ၂၀၂၅ ပါမဟာဗျူဟာ လုပ်ငန်းစဉ် ငါးခုအောက်ရှိ  နယ်ပယ်  ၁၅  ခု၊  ရာခိုင်နှုန်းအားဖြင့်    စီမံကိန်း၏ ၇၃   ဒသမ   ၄၂      ရာခိုင်နှုန်းကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊   မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်     ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊    ဒစ်ဂျစ်တယ် လုပ်ငန်းစီမံချက် ၂၀၂၃ အစရှိသည် တို့ကို      အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင် ရွက်သွားမည်     ဖြစ်ပါကြောင်း၊ ၂၀၂၄    ခုနှစ်သည်    အာဆီယံ-တရုတ်      ဒေသတွင်းနိုင်ငံသား အချင်းချင်း အပြန်အလှန်ကူးလူး သွားလာ       ဆောင်ရွက်မည့်နှစ် အဖြစ် သတ်မှတ်ထားပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်ဖိုရမ်က  အာဆီယံ-တရုတ် ပူးပေါင်းဆောင်  ရွက်မှုကိုမြှင့်တင်နိုင်ပြီး အာဆီယံ ပေါင်းစည်းမှုဆိုင်ရာ      မဟာစီမံ ကိန်း    ၂၀၂၅    နှင့်    တရုတ်နိုင်ငံ  ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့ အကြား    ချိတ်ဆက်ဆောင်ရွက် မှုများကို ပိုမိုတိုးတက်ဆောင်ရွက်  နိုင်မည်ဟု    ယုံကြည်ပါကြောင်း ပြောကြားသည်။


ယင်းနောက် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ      နိုင်ငံ ဆိုင်ရာ      မြန်မာသံရုံးမှ    သံမှူး ကြီး     ဒေါ်နန်းဖြူစင်သန်းမြင့်က အနာဂတ်ကာလတွင် ကြုံတွေ့ရ မည့်  အခွင့်အလမ်းနှင့်  စိန်ခေါ်မှု များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး      ဝန်ကြီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏    ရင်းနှီးမြှုပ်နှံမှု ကဏ္ဍဆိုင်ရာ   ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြား ကြသည်။


ပြည်ထောင်စု              ဝန်ကြီး       ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ၂၈ ရက်တွင်  လွန်ပရာဘန်မြို့ရှိ  ရှင်းသုန်ဘုရား ကျောင်းနှင့်     ဘုရင့်နန်းတော် ပြတိုက်တို့သို့ သွားရောက်လေ့လာ ခဲ့ကြသည်။


ပြည်ထောင်စု            ဝန်ကြီး ဦးဆောင်သော  မြန်မာကိုယ်စား  လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်  မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ    ရန်ကုန် မြို့သို့   ညနေပိုင်းတွင်  ရောက်ရှိ ခဲ့သည်။


အဆိုပါ   ဖိုရမ်ကို   အာဆီယံ ပို့ဆောင်ဆက်သွယ်မှု       မဟာ စီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025)    နှင့်   Belt   and    Road Initiative (BRI) တို့ အကြား ပိုမို ကောင်းမွန်သော        ချိန်ညှိမှုရရှိ စေရန်နှင့်    ကိုဗစ်-၁၉      ကာလ အလွန်   ဒေသတွင်း   ချိတ်ဆက်  ဆောင်ရွက်မှုကို တစ်သမတ်တည်း အဆင့်မြှင့်တင်ရန်    ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး       ဖိုရမ်သို့ အာဆီယံ - တရုတ်      ဗဟိုဌာနမှ  အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့  ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း နှင့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ မှအကြီးအကဲများ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံနှင့် တရုတ် နိုင်ငံတို့မှ လုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်