ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ထားဝယ်ခရိုင်အတွင်းရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ၊ ထားဝယ်မူလတန်းကြိုကျောင်းအားစစ်ဆေး

 

ထားဝယ်   မေ   ၇


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် တနင်္သာရီတိုင်းဒေသ ကြီး လူမှုရေးဝန်ကြီးတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့မူလတန်းကြိုကျောင်း၌ ကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန မှ  ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော Quick Win Project စီမံကိန်းများ ဆောင် ရွက်နေမှုနှင့် ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်း များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွ စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၏ အရေးပါမှုများကို ရှင်းလင်းပြောကြားသည်။  

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ထားဝယ်မြို့ မူလတန်းကြိုကျောင်းအတွင်း ကလေးငယ်များ         တက်ရောက်သင်ယူနေမှုကို သွားရောက်အားပေးကြည့်ရှုခဲ့ပြီး ကလေးငယ်များ အတွက် ကစားစရာအရုပ်များ၊ မုန့်များနှင့် လက်သန့် စင် ဆပ်ပြာများပေးအပ်သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   ဧည့် ခန်းမ၌တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော   လူမှုဝန်ထမ်းလုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်    ကလေးသူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ      မြှင့်တင်ရေးလုပ်ငန်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ နှင့်  ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊    လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊      ဘေး အန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များ၊  ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရှိန် အဟုန်မပျက်  ထိရောက်မြန်ဆန်စွာ       ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက် ရမည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


ဆက်လက်၍ ထားဝယ်မြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေ များ၊  စောင်များ၊   လက်သန့်စင်ဆပ်ပြာများနှင့် နိုင်ငံတော်ကထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်သည်။


သတင်းစဉ်