ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၇) ကြိမ်မြောက် တရုတ် - အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဒုတိယနေ့ဆက်လက်တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ   ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တရုတ် - အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များနှင့်အတူ ဖန်ချန်းကန်မြို့ရှိ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန်  တည်ထောင် ဖွင့်လှစ်ထားရှိမှု  အထိမ်းအမှတ်ပြခန်းကို သွားရောက်လေ့လာကြသည်။

 ရှေးဦးစွာ တာဝန်ရှိသူများက တိုင်းရင်းဆေးဝါးကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေး  စီးပွားရေးဇုန်ဖြစ် ပေါ်လာပုံ၊ ထုတ်လုပ်လျက်ရှိသည့် တိုင်းရင်းဆေးဝါးများအကြောင်း၊ တိုင်းရင်းဆေးပင်  မျိုးစိတ်များ အကြောင်း၊   တိုင်းရင်းဆေးဝါး တစ်မျိုးစီ၏   အသုံးပြုပုံများကို အသေးစိတ်    လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။   ယင်းနောက်  မြန်မာကိုယ်စားလှယ်  အဖွဲ့သည် ပြခန်းအတွင်း   ပြသထားသည့် တိုင်းရင်းဆေးဝါး ကုန်ကြမ်းများ၊ ကုန်ချောများ၊ တိုင်းရင်းဆေးပင် များအား လိုက်လံကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို    မေးမြန်း ဆွေးနွေးခဲ့ကြသည်။
(၇) ကြိမ်မြောက်  တရုတ် - အာဆီယံ       တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု    ထိပ်သီး အစည်းအဝေး     ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်း ဆေးဝါးနှင့် ကုန်ကြမ်းများအရည် အသွေးစစ်ဆေးရေးနှင့် စံသတ်မှတ် ရေးဆိုင်ရာ    မူဝါဒဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါး  ထုတ်လုပ်ရေး နှင့်  တင်ပို့ရောင်းချရေးဆိုင်ရာ ဆွေးနွေးပွဲ၊    တိုင်းရင်းဆေးဝါး စက်ရုံများ တည်ထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲ     ခေါင်းစဉ်များဖြင့် ကျင်းပရာ    တိုင်းရင်းဆေးပညာ ဦးစီးဌာန၊   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများ မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက   မြန်မာနိုင်ငံ ၏  တိုင်းရင်းဆေးကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေး  ဆောင်ရွက်လျက် ရှိသည့်ကိစ္စရပ်များ၊ မူဝါဒလုပ်ငန်း စဉ်များ၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်း   ဆောင်ရွက်နေမှုများ၊ တရုတ် - အာဆီယံနိုင်ငံများနှင့် တိုင်းရင်းဆေးကဏ္ဍ    ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များကို    သက်ဆိုင်ရာခေါင်းစဉ် အလိုက်    ပါဝင်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။   
သတင်းစဉ်